Pages

Thursday, September 19, 2013

ဘောလုံးပွဲပြသမည့် MNTV တစ်လအတွင်း ရိုးရိုးအင်တင်နာဖြင့် ကြည့်နိုင်မည်

19.9.2013

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ပရီးမီးယား လိဂ်ပွဲစဉ်များကို တစ်ပတ်လျှင် လေးပွဲခန့် ပြသမည့် MNTV အခမဲ့ရုပ်သံလိုင်းကို တစ်လအတွင်း ရိုးရိုးအင်တင်နာ (Analog Antenna) များဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။

“Digital စနစ်နဲ့က လွှင့်နေတာ ကြာပါပြီ။ Analog စနစ်နဲ့လွှင့်ဖို့က အင်တင်နာ တပ်ဆင်တဲ့ အပိုင်းလေးပဲ ကျန်တော့တယ်။ လပိုင်းအတွင်း ပြီးမယ်။ တစ်လလောက်လည်း ဖြစ်ရင် ဖြစ်သွားမှာပေါ့ ဗျာ။ နှစ်လလောက်တော့ မကြာနိုင်ဘူး။ ရက်ကိုတော့ အတိအကျ မသိနိုင်သေးတော့ မပြောနိုင်သေးဘူး” ဟု ၎င်းကပြောဆိုသည်။

Sky Net ရုပ်သံလိုင်းက လက်ရှိ Digital Free to Air စနစ်ဖြင့်သာ ထုတ်လွှင့်နေသောကြောင့် MNTV အခမဲ့ ရုပ်သံလိုင်းကို Sky Net ရုပ်သံဖမ်းစက် ရှိသူများသာ ကြည့်ရှုနိုင်ပြီး မကြာမီ ရိုးရိုးအင်တင်နာများဖြင့် ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။

MNTV က ယခုရာသီယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် (Europa League) ပြိုင်ပွဲတို့မှ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို ထုတ်လွှင့် ပြသပေးသွားမည် ဖြစ်သည်။

“လေးပွဲပြမယ် ဆိုရင်တော့ မဆိုးပါဘူး။ EPL ပွဲကောင်းတွေ ကြည့်ချင်ရင်တော့ စက်ဝယ်ရမယ့် သဘောပဲ” ဟု ရန်ကုန်မြို့မှ ပရီးမီးယားလိဂ် ပရိသတ် ကိုဖြိုးဝေမင်းက ဆိုသည်။

Sky Net ရုပ်သံလိုင်းကို ၂၀၁၀ ပြည့်နှစ်မှစတင်၍ ရွှေသံလွင်ကုမ္ပဏီက အခပေး ရုပ်သံလိုင်းအဖြစ် စီစဉ်ထုတ်လွှင့်နေသည်။

The Voice Weekly

No comments:

Post a Comment