Pages

Saturday, September 21, 2013

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း Nissan Motor Co.,Ltd ဥက္ကဋ္ဌနှင့် တွေ့ဆုံ

21.9.2013
 
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် Nissan Motor Co;Ltd President နှင့် CEO ဖြစ်သူ Mr.Carlos Ghosn ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
 
တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း Nissan Motor Co;Ltd နှင့် Tan Chong Group of Companies တို့ပူးပေါင်း၍ Nissan အမှတ်တံဆိပ် တပ်ဆင်ထုတ်လုပ်သည့် ကမ္ဘာ့အဆင့်မီ မော်တော်ယာဉ်စက်ရုံနှင့် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတို့အား စီမံချက် အချိန်ကာလ ဇယားအတိုင်း တည် ဆောက်ရေး၊ ဒေသခံ ပြည်သူများအား ကျွမ်းကျင်မှု သင်တန်းများပေးပြီး အလုပ်အကိုင်များ ပေးနိုင် ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်အတူ ဒုတိယ ၀န်ကြီးများဖြစ်သည့် ဦးတင်ဦးလွင်၊ ဦးမျိုးအောင်၊ ဒေါက်တာဒေါ်ခင်စန်းရီနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
 
Eleven Media Group

No comments:

Post a Comment