Pages

Saturday, September 21, 2013

NLD နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ယနေ့တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံကို ပြင်မလား၊ အသစ်ဆွဲ မလားဆိုသည့်အပေါ် ဆွေးနွေးမည်

 
21.9.2013
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့်ပတ်သက်၍ အပတ်စဉ်ဆွေးနွေး နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်တိုင်းရင်းသားကိုယ်စားလှယ်များ၏ ယ နေ့တွေ့ဆုံမည့်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မလား၊ အသစ်ဆွဲမလားဆိုသည့် အပေါ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
NLD ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကော်မတီအနေဖြင့် တိုင်းရင်းသားပါတီ များမှ ကိုယ်စားလှယ် များနှင့်အပတ်စဉ် စနေ နေ့တိုင်းတွေ့ဆုံသွားရန် စီစဉ်ထားပြီး ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွေ့ဆုံမှုမှာ ဒုတိယ အကြိမ်မြောက်တွေ့ဆုံမှုဖြစ်ကြောင်း သိရ သည်။
 
“ပြင်မလား၊ အသစ်ဆွဲမလားဆိုတာ ကတော့ သိပ်အရေးကြီးတဲ့အကြောင်းအရာ ဖြစ်တယ်။ လက်ရှိဖွဲ့စည်း ပုံမှာက ပြင်ပုံပြင် နည်းကို တော်တော်ခက်ခက်ခဲခဲကို ပြဋ္ဌာန်း ထားတာ။ အဲဒီတော့ ပြင်တာက ကောင်း မလား၊ အသစ်ဆွဲတာကောင်းမလားဆိုပြီး နည်းလမ်း ရှာကြမှာပေါ့။ အဲဒီအပေါ် နည်းလမ်းရှာ ကြရင်းနဲ့တခြား အကြံကောင်း၊ ဉာဏ်ကောင်း တွေလည်း ထွက်လာနိုင်တာပဲ”ဟု NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီ က ပြောကြားသည်။
 
ပြီးခဲ့သည့်အပတ် (စက်တင်ဘာ ၁၄ ရက်)တွေ့ဆုံမှုတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသား ဒေသ များအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့်တန်းတူညီမျှမှုမရှိသည့် အ တွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုမရှိခြင်း ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆက်စပ်နေမှုအပေါ် ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသည့်တိုင်းရင်းသား အဖွဲ့ ၁၂ ဖွဲ့လုံးက အဆိုပါအချက်အပေါ် ထောက်ခံခဲ့သည်။

NLD ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကော်မတီအနေဖြင့် အဆိုပါ အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားကိုယ်စားလှယ် များနှင့်တွေ့ဆုံသွားမည့်ပွဲများမှ ရရှိလာမည့် ၎င်းတို့၏ သဘောထား များကိုစုစည်းကာ ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ တင် ပြသွားမည်ဖြစ်ကြောင်း သိရသည်။
 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)၏ သဘောထားကို စက်တင်ဘာလကုန်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီတွင် ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော် ဟိုး၊ ဦးကြည်ဝင်း (လပွတ္တာ)၊ ဦးမောင်ဖေ တင်၊ ဦးကိုနီနှင့် ဦးဌေးဦးတို့ပါဝင်ကြောင်း သိရသည်။
 
Eleven Media Group

No comments:

Post a Comment