Pages

Thursday, September 12, 2013

အစိုးရ အလုပ်အဖွဲ့နှင့် RCSS၊ KNU အလုပ်အဖွဲ့တို့ ရန်ကုန်၌ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုရလဒ်ကို WGEC လစဉ် အစည်းအဝေးသို့ တင်ပြမည်

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အလုပ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)တို့၏ အလုပ်အဖွဲ့တို့ စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံ၍ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရေးမူဘောင် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အလုပ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲမှ ရရှိသည့် ဆွေးနွေးပွဲ ရလဒ်များကို တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WGEC) ၏ လစဉ်ပုံမှန် အစည်းအဝေးသို့ တင်ပြသွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှက အဆိုပါ အစည်းအဝေး ခေတ္တရပ်နားစဉ်တွင် ပြောကြားသည်။
ကျွန်တော်တို့ ကြေညာထားတဲ့ ဆက်သွားမယ့် Nation Wide Ceasefire Accord ပြီးရင် Framework Meeting ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်သွားဖို့ ပြင်နေ . . . . .
ဗိုလ်မှူးကြီးစိုင်းလှက "နိုင်ငံရေးအဆင့် ဆွေးနွေးပွဲကို အတတ်နိုင်ဆုံး အချိန်ကိုချုံ့ပြီးသွားဖို့ သဘောတူညီချက်တွေရအောင် ဆွေးနွေးနေကြပါတယ်။ WGEC အနေနဲ့ တွေ့မှာက အလုပ်အဖွဲ့ ဖြစ်ပါတယ်။ အားလုံးကိုယ်စားကို တည်ပြီးတော့ ညှိနှိုင်းနေတဲ့ အမိန့်အာဏာ လွှဲအပ်ခြင်းခံရတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတာက RCSS ကိုယ်စားလှယ်အနေနဲ့သော် လည်းကောင်း၊ KNU ကိုယ်စားလှယ် Technical Team အနေနဲ့သော် လည်းကောင်း တိုင်းရင်းသားပညာရှင်တွေနဲ့ စုပြီးတော့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီကရရှိလာတဲ့ ရလဒ်ကို လစဉ်ပုံမှန် ကျင်းပလေ့ရှိတဲ့ အစည်းအဝေးမှာ တင်ပြသွားမှာပါ" ဟု ပြောကြားသည်။
"RCSS ရဲ့Technical Team ရယ် KNU ရဲ့Technical Team ရယ် သူတို့ဖိတ်ထားတဲ့ တိုင်းရင်းသား ပညာရှင်တွေနဲ့ ကျွန်တော်တို့ လုပ်ငန်းကော်မတီဘက်က Technical Team ရယ် ဆွေးနွေးကြတာ ဖြစ်တယ်။ ကျွန်တော်တို့ ကြေညာထားတဲ့ ဆက်သွားမယ့် Nation Wide Ceasefire Accord ပြီးရင် Framework Meeting ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်သွားဖို့ ပြင်နေတယ်။ အဲဒီပြင်နေတဲ့ ဟာပေါ်မှာ လိုအပ်တဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရရဲ့ လုပ်ငန်းကော်မတီ ကြားထဲမှာ လိုအပ်ချက်တွေကို Technical Team တွေနဲ့ ဆွေးနွေးတာဖြစ်တယ်။ ကျွန်တော်တို့က အဆုံးအဖြတ်ပေးတာ မဟုတ်ဘူး။ ပြီးရင်နှစ်ဖက်လုံးက ပြန်ပြင်ဆင်မယ်" ဟု အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အလုပ်အဖွဲ့မှ ဦးလှမောင်ရွှေက ပြောကြားသည်။
အစိုးရ အလုပ်အဖွဲ့နှင့် RCSS၊ KNU အလုပ်အဖွဲ့တို့၏ ဆွေးနွေးမှုကို စက်တင်ဘာ ၁၂ ရက်တွင် ဆက်လက်ပြုလုပ် သွားမည်ဟု ဦးလှမောင်ရွှေက ပြောကြားသည်။
ဆွေးနွေးပွဲတွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အလုပ်အဖွဲ့မှ ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦး၊ ဆလိုင်းငွန်ကျုံးလျန်၊ ဦးကျော်ဆန်းဦး၊ ဦးသီဟန်မျိုးညွန့် စသည်တို့ပါဝင်ပြီး ကေအင်န်ယူ၏ အလုပ်အဖွဲ့တွင်မှ စောတာဒိုမူး၊ စောတူးတူးလေး၊ RCSS ၏ အလုပ်အဖွဲ့တွင် ဗိုလ်မှူးကြီးစိုင်းလှ စသည်တို့ ပါဝင်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ခေါ်ဆောင်လာသည့် ပညာရှင်များအဖြစ် ချင်းအမျိုးသားတပ်ဦး (CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျှံမုန်း၊ ဦးဟန်ယောင်ဝေတို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


EMG

No comments:

Post a Comment