Pages

Monday, September 2, 2013

SSPP/SSA မြောက်ပိုင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တွေ့ဆုံမည်

2.9.2013

ရှမ်းပြည်နယ်မြောက်ပိုင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့ဟာ လားရှိုးမြို့မှာ စက်တင်ဘာလ ၆ ရက် သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

နှစ်ဖက်တွေ့ဆုံနိုင်ဖို့ကိုတော့ မနေ့က တရားဝင်စာနဲ့ အကြောင်းကြားလာတာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းလည်း တက်ရောက်မှာဖြစ်တယ်လို့ SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

"နယ်မြေတည်ငြိမ်းအေးချမ်းရေးကိစ္စလို့တော့ ခေါင်းစဉ်တပ်ခဲ့တာပဲ၊ ၆ ရက်နေ့မှာ သူရ ဦးရွှေမန်းနဲ့တွေ့ဖို့ ဦးသိန်းဇော်တို့နဲ့ လားရှိုးမှာတွေ့မှာ တရားဝင်စာကတော့ မနေ့ကပေါ့၊ သူတို့တွေ့ဖို့ခေါ်တော့ ကျနော်တို့က သူတို့ဘာပြောမယ်ဆိုတာ အရင်နားထောင်ရမယ်လေနော့်၊ ပြီးမှအရေးကြီးရင် ကျနော်တို့ကဗဟိုမှာ ကျနော်တို့ အစည်းအဝေးထိုင်ရအုံးမှာ သူတို့ပြောတာ နယ်မြေအေးချမ်းရေးကိစ္စနဲ့ အဲ့ဒီဒေသဖွံ့ဖြိုးရေးအတွက်ပေါ့"

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ကနေ ဒီဆွေးနွေးပွဲကို ပါတီအတွင်းရေးမှူး ဗိုလ်မှူးကြီး စပ်ခွန်ဆိုင်နဲ့အတူ အဖွဲ့ဝင် ၄ ဦးတက်ရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ တန့်ယန်းမြို့နယ် စစ်ဗျူဟာရုံးမှာ ဆွေးနွေးခဲ့ချိန်က နှစ်ဖက်ပစ်ခတ်မှုတွေမဖြစ်အောင် နှစ်ဖက်တပ်မှူးတွေ ထပ်မံတွေ့ဆုံဆွေးနွေးသွားဖို့နဲ့ ဒီကြားထဲ ပြဿနာတွေဖြစ်ပေါ်လာရင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားဖို့ဆိုပြီး SSPP ခေါင်းဆောင်တွေနဲ့ အချက် ၄ ချက် သဘောတူညီ လက်မှတ်ထိုးခဲ့ကြပါသေးတယ်။

ဒါပေမယ့် ဇွန်လဆန်းပိုင်းမှာ လားရှိုးဖက်မှာအခြေစိုက်တဲ့ SSA ရှမ်းပြည်မြောက်ပိုင်းတပ်တွေ ဖယ်ရှားပေးဖို့တွေ၊ တန့်ယန်းဖက်က SSA မြောက်ပိုင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိခဲ့ပြီး လက်ရှိအခြေအနေမှာလည်း အစိုးရတပ်တွေ ထပ်မံအင်အားတိုးချဲ့လာတာ၊ SSPP ဝမ်ဟိုင်းဌာနချူပ်အနီး ချည်းကပ်လာတာနေတာတွေကို SSPP ဖက်က တင်ပြဆွေးနွေးသွားဖို့ရှိတယ်လို့ ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

"ကျနော်တို့က ကျနော်တို့ဌာနချူပ်မှာ ကျနော်တို့နယ်မြေမှာ အဲဒီတပ်တွေနော့်၊ လှုပ်ရှားနေတာတို့ သူတို့ချည်းကပ်နေတာတို့ အဲ့ဒါတွေရှိနေသမျှကာလပတ်လုံး ဘယ်လိုမှတည်ငြိမ်မှုလည်း မရနိုင်ဘူးနော့်၊ နယ်မြေဖွံ့ဖြိုးမှုအတွက်ကိုလည်း လုပ်လို့မရဘူးဖြစ်နေတာ၊ အဲ့ဒါတွေပဲ ကျနော်တို့က အဓိကနော့်၊ ဘာဖြစ်ဖြစ် အဓိကတော့ ကျနော်တို့ အဲ့ဒီနယ်မြေမှာ တိုးချဲ့ပြီးတော့ ချည်းကပ်နေတဲ့တပ်တွေ သူတို့ထည့်စဉ်းစားမှပဲ၊ ကျနော်တို့က ကျန်တဲ့အပိုင်းမှာ ကျနော်တို့ဆွေးနွေးရမယ်"

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP∕SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ ၂ဝ၁၂ ခုနှစ်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အပစ်အခတ်ရပ်စဲရေးအပါအဝင် အချက် ၅ ချက် ပြည်နယ်အဆင့်နဲ သဘောတူလက်မှတ်ထိုးခဲ့သလို ပြည်တောင်စုအဆင့်နဲ့လည်း အချက် ၅ ချက် သဘောတူလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။


RFA

No comments:

Post a Comment