Pages

Monday, September 30, 2013

တိုင်းဖွန်း Wutip မြန်မာနိုင်ငံဖက် မရောက်မီ ကုန်းတွင်းမှာ အားပျော့သွားမယ်




Monday, September 30, 2013

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မုန်တိုင်းအခြေအနေနဲ့ မိုးကြီးမှု အခြေအနေပါ။ အားလုံးသတိထားမိစေဖို့ပါ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။

မိုးကြီးမှု နဲ့ ရေကြီးမှုအခြေအနေတွေ
Weather News Update
30-9-2013
10:03 am

(၁) (၂၉-၉-၂၀၁၃)ရက် ညသန်းကောင်ယံအချိန်မှာ တိုင်းတာရရှိတဲ့ (၂၄)နာရီအတွင်း မိုးရေချိန် (၁)လက်မခွဲခန့် ရွာသွန်းခဲ့တဲ့ဒေသတွေ ကတော့ စစ်ကိုင်းတိုင်းအလယ်ပိုင်း နဲ့ မကွေးတိုင်း အနောက်ပိုင်းတို့ဖြစ်ကြပါတယ်။ ရေကြီးမှု အလားအလာများနေတဲ့ဒေသတွေအနေနဲ့ကတော့ ဧရာဝတီတိုင်းအရှေ့တောင်ပိုင်း၊ ရန်ကုန်တိုင်း တောင်ပိုင်း နဲ့ ပဲခူးတိုင်းတောင်ပိုင်း တို့ဖြစ်ကြပါတယ်။ စစ်ကိုင်း တိုင်းအောက်ပိုင်း နဲ့ မကွေးတိုင်း မြောက်ပိုင်း တို့မှာလည်း ရေကြီးမှု အလားအလာတွေ အနည်းငယ်တိုးလာပါတယ်။

(၂) (၂၉-၉-၂၀၁၃)ရက် ညပိုင်းအထိ ရေဖုံးလွှမ်းနှိုင်မှုအလားအလာမြင့်မားနေ တဲ့နေရာတွေကို ရန်ကုန်တိုင်း(မင်္ဂလာဒုံမြို့နယ်)အတွင်းမှာ (၅)နေရာ၊ ပဲခူးတိုင်း (ပဲခူးမြို့နယ်)အတွင်းမှာ (၅)နေရာ၊ ဧရာဝတီတိုင်း(ပုသိမ် နဲ့ မအူပင်မြို့နယ်) အတွင်းမှာ) (၁)နေရာစီ နဲ့ မွန်ပြည်နယ်(သထုံမြို့နယ်)အတွင်း (၁)နေရာကို တိုင်းတာရရှိထားပါတယ်။

အရှေ့ဖက်မှာ ဒီနေ့(၃၀-၉-၂၀၁၃)ရက်ညပိုင်းမှာ ဗီယက်နမ်နိုင်ငံ ကမ်းခြေ ကိုဖြတ်ကျော်ဝင်ရောက်တော့မယ့် တိုင်းဖွန်း Wutip ရဲ့ အကျိုးဆက် ကိုတော့ စောင့်ကြည့်ရပါဦးမယ်။ ထိုင်းနိုင်ငံမိုးလေ၀သဌာနကတော့ မြန်မာနိုင်ငံဖက် မရောက်မီ ကုန်းတွင်းမှာ အားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment