19.9.2013
မုံရွာ-မန္တလေးလမ်းပိုင်း မုံရွာမြို့အဝင် ငွေကောက်ခံရေးဂိတ်တွင် စက်တင်ဘာလ
၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်က မူးယစ်ဆေးဝါး တရားခံပြေးတစ်ဦးကို WY
အမှတ်တံဆိပ်ပါ ပန်းရောင် စိတ်ကြွဆေးပြား ခုနစ်ထောင်နီးပါးခန့်နှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက
ပြောကြားသည်။
“သတင်းအရ မုံရွာမြို့အဝင် တိုးဂိတ်ကနေ စောင့်နေပြီး
ကားကိုရပ်တန့် စစ်ဆေးတာပါ။ မူးယစ်ဆေးဝါးကို ဗင်ကားထဲက ထိုင်ခုံပေါ်မှာ
တင်ထားတဲ့ ခရီးဆောင်အိတ်ထဲမှာ တိပ်တွေနဲ့ သေချာထုပ်ပိုးထားတာ၊ မူဆယ် ဘက်က
ချလာတယ်လို့တော့ သိရတယ်” ဟု လမ်းတံတား ဖြတ်သန်းခ ကောက်ခံရေး စခန်း ဂိတ်တွင်
သွားရောက် စစ်ဆေးဖမ်းဆီးသည့် အဖွဲ့တွင် ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးက
ပြောကြားသည်။
ယခုဖမ်းဆီးရမိခဲ့သူမှာ၂၀၁၁ ခုနှစ်အတွင်း
မူးယစ်ဆေးဝါး တရားခံပြေး တစ်ဦးဖြစ်ပြီး ယခုတစ်ကြိမ် တွင်လည်း မူးယစ်ဆေးဝါး
သယ်ဆောင်လာချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယင်းအမှုအား မုံရွာမြို့အမှတ် (၂) ရဲစခန်းတွင် မယ (ပ) ၇/၁၃
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေနိုင်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၁၅/၁၉ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း
မုံရွာ အမှတ် (၂)
ရဲစခန်းထံမှ သိရသည်။
The Voice
No comments:
Post a Comment