Pages

Thursday, October 10, 2013

BC Finance ကုမ္ပဏီက မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင်သူများအတွက် အသေးစား ငွေချေးလုပ်ငန်း စတင်


Thursday, October 10, 2013

Bagan Capital ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် BC Finance ကုမ္ပဏီက မြန်မာနိုင်ငံတွင် အသေးစား ငွေချေးလုပ်ငန်း ကို အောက်တိုဘာ ပထမပတ်တွင် စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း Bagan Capital ကုမ္ပဏီမှ သိရသည်။

BC Finance ကုမ္ပဏီသည် ရန်ကုန်မြို့နှင့် နေပြည်တော်အကြား အချက်အချာကျသည့် နေရာတစ်နေရာဖြစ်သော ပဲခူးမြို့တွင် ၎င်းတို့၏ ရုံးခန်းကို ဖွင့်လှစ်ကာ ငွေချေးလုပ်ငန်းများကို စတင်မည်ဟု သိရသည်။

အဆိုပါကုမ္ပဏီက မြန်မာနိုင်ငံ၏ အကြီးဆုံးအသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာရန် ရည်ရွယ်ထားပြီး ဘဏ္ဍာရေးဝန်ဆောင်မှု မရရှိသူများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။၎င်းတို့ ကုမ္ပဏီက အသေးစား စွန့်ဦးတီထွင်သူများကို ထောက်ပံ့ပေးခြင်းဖြင့် ၎င်းတို့ကို စီးပွားရေးတစ်ခု လုပ်ကိုင်နိုင်စေပြီး နိုင်ငံ၏ စီးပွားရေး ပြန်လည်နိုးထ လာမှုတွင် ကျယ်ပြန့်စွာ ပါဝင်နိုင်စေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ကုမ္ပဏီအတွက် ငွေလက်ခံခွင့်နှင့် ငွေ ချေးခွင့် လိုင်စင်ကို မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပေးပြီးဖြစ်သည်။

Bagan Capital ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် Equity and Advisory Group ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အထူးပြု တည်ထောင်ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ရုံးချုပ်မှာ ဟောင်ကောင်တွင်ရှိပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ရုံးခန်းများ ဖွင့်လှစ်ပြီး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် အထီးကျန်တည်ရှိမှုကြောင့် ကမ္ဘာပေါ်ရှိ ငွေချေးလုပ်ငန်းများတွင် နောက်အကျဆုံး နိုင်ငံများတွင် ပါဝင်နေကြောင်း သိရသည်။ ငွေချေးရန် လွယ်ကူသည့် အသေးစား ငွေချေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ငွေကြေးပညာရှင်အချို့က သုံးသပ်ကြသည်။

Eleven Media Group

No comments:

Post a Comment