Pages

Thursday, October 10, 2013

သံတွဲဒုက္ခသည် ၄၈ဝ ကျော်အတွက် အကူအညီလိုအပ်

10.10.2013

ရခိုင်ပြည်နယ် သံတွဲပဋိပက္ခမှ ဒုက္ခသည် ၄၈ဝကျော်အတွက် ဆန်၊ အဝတ်အထည်၊ ငွေကြေး၊ ဆေးဝါးနှင့် အထွေထွေလူသုံးကုန် ပစ္စည်းများလိုအပ်လျက်ရှိနေကြောင်း ရခိုင်အမျိုး သားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြော သည်။

ရခိုင်ပြည်နယ် သံတွဲမြို့ သူဌေးချောင်း တိုက်နယ်ပဋိပက္ခတွင် အိုးအိမ်စည်းစိမ်ဖျက်ဆီး ခံရပြီး အတိဒုက္ခရောက်နေသော ရခိုင်မိသားစု များစာရင်းမှာ ဇီးကျွန်းဘုန်းကြီးကျောင်းတွင် ကျား ၂၅ဦး၊ မ ၄ဝ၊ ဆင်ခေါင်းတောင်အောက် ကျောင်းတွင် ကျား ၅ဦး၊ မ ၅ဝ၊ ညောင်ခြေ ထောက်ကျောင်းကြီးတွင် ကျား ၄၅ဦး၊ မ ၆ဝ၊ ငလျင်တောင်ကျောင်းတွင် ကျား ၅၃ဦး၊ မ ၇၄၊ အင်တိုင်းကြီးကျောင်းတွင် ကျား ၂၇ဦး၊ မ ၂၃၊ ခမောင်းတုန်းကျောင်းတွင် ကျား ၁၂ဦး၊ မ ၃ဝ၊ မကျည်းချောင်ကျောင်းတွင် ကျားနှင့်မ ၄ဝ စုစု ပေါင်းဒုက္ခသည် ၄၈၄ဦးနှင့် မီးလောင်ဖျက်ဆီး ခံရသော ရခိုင်အိမ်ပေါင်း ၂ဝ၅လုံးရှိကြောင်း ဦးတင်ထူးအောင်က ပြောသည်။

No comments:

Post a Comment