Pages
▼
Tuesday, October 1, 2013
*** လှူပြီးမြေယာ ပြန်ရလို***
Australia နိုင်ငံ Perth မြို့မှာရှိတဲ့ ဓမ္မစေတီ ကျောင်းတိုက်အားဖိအားပေး ပြောင်းရွေ့ရန်ပြုလုပ်နေကြောင်း သိရပါသည်။ယခင်လူတန်းခဲ့သောအလူရှင်ဦးစိုင်းရီတင့်နှင်မိသားစုများကယင်းနေရာအား ပြန်လည်ရယူလို၍ နေရာပြောင်းရွေ့ရန် ဖိအားပေး လုပ်ဆောင်နေကြောင်း ကြားသိရသည်။
ဒီနှစ်ပိုင်းတွင်းမှာ Australia Perth မြို့မှာမြေဈေးတွေ အဆမတန်တိုးလာသောကြောင့် ယခုလို လှူထားပြီးသော ကျောင်းမြေအား အခြားနေရာ ပြောင်းရွေ့ စေလိုကြောင်းသိရသည်။ ဆရာတော်မှ ယင်းစ္စနှင့်ပတ်သက်၍ လှူပြီးနေရာအတွက် မပြုလုပ်သင့်ကြောင်း ပြီးခဲ့သောနှစ်များက တည်ခဲ့သော စေတီလည်းရှိနေပြီ မဖြစ်သင့်ဟုပြုပြောဆိုခဲ့ရာ ..
အလူရှင်ဟောင်းဦးစိုင်းရီတင့်အခြားနေရာမှာ၁၅ဧက လောက်ကျယ်ဝန်းတဲ့ နေရာပြန်ရှာပေးမယ် စေတီလည်း ဒီကဌာပနာ ဖောက်ထုတ်ပြီးယူဆောင်ပြီး ပြန်တည်ပေးမယ် စသည်ဖြင့်ပြောခဲ့ကြောင်းသိရသည်။
စက်တင်္ဘာလ၃၀ရက်က ကျောင်းထိုင်ဖုန်းကြီးဖြစ်တဲ့ဦသံဝရအား ကျောင်းပေါ်မှာဆင်းခဲ့ပြီး ကျောင်းတွင်းခတ်ထားသော သော့များကိုလည်း ၎င်းတို့ မိသားစုမှ ရိုက်ဖျက်ခဲ့ကြောင်းသိရသည်။
သြဆီရောက် မြန်မာများက အချိန်မှီရောက်သွားပြီး ရဲခေါ်ထားရကြောင်း သိရပါသည်။ဆရာတော် တစ်ပါးသွေးတိုးပြီး ဆရာဝန်ခေါ် ထားရတယ်လို့သိရပါတယ်..
ပြည်ပရောက် မြန်မာဗုဒ္ဓများ ၀ိုင်းဝန်းကူညီ စောင်ရွက်ပေးစေလိုကြောင်း အကြောင်းကြားအပ်ပါသည်။
သျှမ်းနီလူငယ် ကွန်ယက်

No comments:
Post a Comment