Pages

Monday, October 14, 2013

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဘရူနိုင်းနိုင်ငံသို့ ဆရာဝန်များစေလွှတ်ရန် စီစဉ်ဆောင်ရွက်နေ

၁၄.၁၀.၂၀၁၃၊ တနင်္လာနေ့ 

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဘရူနိုင်းနိုင်ငံသို့ ဆရာဝန်များစေလွှတ်ရန်အတွက်စီစဉ်ဆောင်ရွက်နေသည်ဟု ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်ထံက သိရသည်။ ယခုလို ဘရူနိုင်းနိုင်ငံကို 
ဆရာဝန်များစေလွှတ်ရန်အတွက်စီစဉ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ဘရူနိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး
 ဒေါ်ယဉ်ယဉ်မြင့်က ရှင်းလင်းပြောကြားခဲ့သည်။ 

ဘရူနိုင်းနိုင်ငံတွင် ပါကစ္စတန်၊ စင်ကာပူနှင့်အိန္ဒိယနိုင်ငံများကလာ ရောက်ပြီး အလုပ်လုပ်နေကြသော ဆရာဝန်များရှိနေသော်လည်း မြန်မာနိုင်ငံကဆရာ ၀န်များကို ဘရူနိုင်းနိုင်ငံအစိုးရက ပိုမိုသဘောကျသည်ဟု သိရသည်။ 

ဘရူနိုင်းနိုင်ငံကို ယခင်ကတည်းကမြန်မာနိုင်ငံမှ ဆရာဝန်များသွား ရောက် အလုပ်လုပ်ကိုင်မှုများရှိခဲ့သည်။ ယခုဘရူနိုင်းကိုစေလွတ်ခြင်းသည် နှစ်ဖက် အစိုးရခြင်းတရားဝင်စေလွှတ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ယခင်က သွားရောက်အလုပ်လုပ်ကိုင်ခြင်းများသည် မြန်မာနိုင်ငံက ပင်စင်ရယူပြီးမှသာ 
ကိုယ်ပိုင်အစီအစဉ်များဖြင့် သွားရောက်ကြခြင်းဖြစ်သည်ဟု သိရသည်။

Skynet

No comments:

Post a Comment