Pages

Sunday, October 20, 2013

သူရိယအလင်း ဂျာနယ်တိုက် ထုတ်ဝေသူနှင့် အယ်ဒီတာများ က သဘောထား ထုတ်ပြန်မည်


Sunday, October 20, 2013

ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်း ၊ အမှတ် ၆၈ ရှိ သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ ဦးခန့်ဝင်ရောက်ပြီး ရုံးခန်းတွင်းရှိ ကွန်ပျူတာ system ပုံး ၁၄လုံးနှင့် CCTVတစ်လုံးကိုဖြုတ်ယူ သွားကြောင်း အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုများကို ယင်းတိုက်၏ထုတ်ဝေသူနှင့် အယ်ဒီတာများ၏သဘောထား ကြေညာချက်ကိုနိုင်ငံပိုင် သတင်းစာ များတွင် ၂၀၁၃ ခုနစ် အောက်တိုဘာ ၊ ၂၁ ရက်နေ့တွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်က ပြောကြားသည်။

“ထုတ်ဝေသူနဲ့ အယ်ဒီတာအဖွဲ့တွေတားမြစ်တဲ့ကြားထဲကမှပုဂ္ဂိုလ်ရေးထိခိုက်တဲ့ ဆောင်းပါးတွေပါသွားတဲ့ အတွက်တောင်းပန်တာရယ်၊ဒီဂျာနယ်ကိုလည်းအပြီးရပ်ဆိုင်းပြီဆိုတာကိုအများပြည်သူသိအောင် ကြေညာတဲ့သဘောပါပဲ”ဟု
The Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ပြဿနာဖြစ်ပွားသည့်ညကထုတ်ဝေသူ၏ မွေးနေ့ဖြစ်သည့်အတွက်ညနက်မှသာဂျာနယ်တိုက်ကို ရောက်သွား ခြင်းဖြစ်ကြောင်းနှင့် ဂျာနယ်များကို ဆက်ထုတ်ဝေရန် ဆန္ဒမရှိသည့်အတွက် တိုက်တွင်ရှိသော ဂျာနယ် များကို မဖြန့်စေချင်၍ သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ၊၊ CEO ဦးမိုးဟိန်း ရှင်းလင်းသွားသည့်အထဲတွင် CCTV ကိုဖြုတ်သိမ်းသွားသည်ဆိုသည်မှာလည်း မမှန်ကန်ကြောင်းထုတ်ဝေသူ ဦယုနိုင်ရှင်းပြသည်။

"ဂျာနယ်တွေနဲ့ ကွန်ပျူတာတွေသယ်တာ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းတွေပါ။CCTV တွေ ဖြုတ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ နောင်ကိုလည်း ဆက်ထုတ်ဖို့အစီအစဉ်မရှိတဲ့အတွက် system ပုံးတွေကို သိမ်းသွားတာပါ" ဟု ဦးယုနိုင်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment