Pages

Monday, October 7, 2013

လူဝင်မှုကြီးကြပ်ရေးပြဿနာအား ဖြေရှင်းရန်အတွက် ထောင်နှင့်ချီသော ဆန္ဒပြသမားများက အမေရိကန်တွင် ဆန္ဒပြခဲ့ကြ

အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးပြဿနာအား ဖြေရှင်းရန်နှင့် အထောက်အထားမရှိသည့် ၁၁ သန်း မျှသော ရွှေ့ပြောင်းများ၏ တရားဥပဒေအကြောင်းအရ မရှင်းမလင်းဖြစ်နေခြင်းအား အဆုံးသတ် ရန်အတွက် ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများက အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြခဲ့ကြကြောင်း အောက်တိုဘာ ၆ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

Coast-to-coast လှုပ်ရှားမှုများတွင် ဆန္ဒပြသူပေါင်း ၃,၀၀၀ ခန့် ပါဝင်ခဲ့ပြီး ၎င်းတို့အနက် အများစုမှ အာရှတိုက်သားများ၊ အာရပ်များနှင့် ဟစ်စပန်းနစ်အနွယ်ဝင်များဖြစ်ကြပြီး နယူးယောက်မြို့တွင် ဆန္ဒပြပြီး နောက် ဘရုကလင်းတံတားသို့ ချီတက်ခဲ့ကြသည်။ ယခုကဲ့သို့ ၎င်းတို့က ဆန္ဒပြခဲ့ခြင်းမှာ ဟောလီးဝုဒ်ရှိ ကာလီဖိုးနီးယား ချီတက်ဆန္ဒပြမှုအား တန်ပြန်ဆန္ဒပြခြင်းဖြစ်သည်။

ယခုကဲ့သို့သော ဆန္ဒပြမှုများမှာ အမေရိကန်နိုင်ငံအတွင်းရှိ မြို့ပေါင်း ၁၆၀ လောက်တွင် ဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ လိုအပ်နေတာက ဆန့်ကျင်သူတွေကို ငြိမ်းချမ်းစွာနဲ့ အနိုင်ယူဖို့ပါ။ သောင်တင်နေတဲ့ သူတွေအတွက် ဖြေရှင်းမှုတစ်ခုတော့ မဖြစ်မနေရသင့်ပါတယ်” ဟု အမေရိကန်နိုင်ငံအတွင်း ဆယ်စုနှစ်တစ် ခု နီးပါးမျှတရားမ၀င် နေထိုင်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် ဟွန်ဒူရပ်နိုင်ငံသား Danick Martinez က ပြောကြားလိုက်သည်။

ဂုဏ်သိက္ခာနှင့် လေးစားမှုအတွက် ချီတက်ဆန္ဒပြခြင်းအား နယူးယောက်မြို့ရွှေ့ပြောင်းများ ညွှန့်ပေါင်းအဖွဲ့နှင့်တခြားသော အဖွဲ့များမှ စုစည်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့မှာတရားဝင်အလုပ်လုပ်ခွင့် အထောက်အထားများ မရှိသေးသည့် အလုပ်သမားများအား တရားဝင်ဖြစ်စေရေးအတွက် ထောက်ခံသူများဖြစ်သည်။

စီစဉ်သူများက မိမိတို့အနေဖြင့် အမေရိကန်နိုင်ငံအတွင်းရှိ ၁၁ သန်းကျော်မျှသော ရွှေ့ပြောင်းများအား အမေရိကန်နိုင်ငံသားဖြစ်စေမည့် ရှင်းလင်းသည့် ဥပဒေတစ်ခုအား ရေးဆွဲအတည်ပြုရန်အတွက် အမေရိကန် ကွန်ဂရက်အား ဖိအားပေးရန် လူပေါင်း ၁၃၀,၀၀၀ ဖြင့် ဆန္ဒပြရန် မျှော်လင့်နေသည်ဟု ပြောကြားလိုက်သည်။


Mizzima - News in Burmese 

No comments:

Post a Comment