Pages

Tuesday, October 15, 2013

ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ အတွက် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေး


Tuesday, October 15, 2013

ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ စာသင်ကြားရန် နှင့် ကာကွယ်ဆေးများ ရရှိရန်၊ ရေသန့် ရရှိမှု အပါအ၀င် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေးသည် ဟု ယူနီဆက် မြန်မာဌာနေကိုယ်စားလှယ် မစ္စတာဘာထရန် ဘိန်းဗဲလ် ကပြောသည်။

ရခိုင်ပြည်နယ်ရှိ အသက် (၁၈) နှစ်အောက်ကလေးငယ် (၈၆၀၀၀) ကျော်သည် ပဋိပက္ခ၏ အကျိုး သက်ရောက်မှုကို ခံစားနေရကြောင်း၊ ယာယီဒုက္ခသည်စခန်းများရှိ ကလေးများသည် ပုံမှန်ကျောင်း မသွားနိုင်သည့် အတွက် ယာယီစာသင်ကျောင်းကဲ့သို့သော နေရာများတွင် သင်ကြားနေရခြင်း ကြောင့် သင် ထောက်ကူ ပစ္စည်းများက အစ များစွာလိုအပ်နေသေးကြောင်း၊ ယာယီစာသင်ကျောင်း အပြည့်အ၀ ဆောက်လုပ် ပေးရန် ယူနီဆက် အနေဖြင့် ရန်ပုံငွေ လုံလောက်စွာမရှိ သဖြင့် အလှူရှင် များဖြစ်သော EU၊ AUSAID ၊ USAID ကဲ့သို့သော အလှူငွေများစွာပေးနိုင့်မည့် နိုင်ငံတကာ အလှူရှင်များ လိုအပ်နေသေးသည် ဟုဆိုသည်။

အသက်ငါးနှစ်အောက်ကလေးများကာကွယ်ဆေးထိုးရာတွင်လည်း ယူနီဆက် အနေဖြင့် ယခင်ကတည်းက လုပ်ဆောင်ခဲ့သော်လည်း (၂၀၁၂ ) ခုနှစ် ပဋိပက္ခဖြစ်ပွါးပြီးနောက်ပိုင်း ရပ်ဆိုင်းခဲ့ ရသဖြင့် ယခုအခါကျန်းမာရေး ၀န်ကြီး ဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းကာ ပြန်လည် စတင်ရန် လုပ်ဆောင်နေပြီဖြစ် ကြောင်း၊ ယင်းကာကွယ်ဆေးထိုးလုပ်ငန်းမှာလည်း ပတ်ဝန်းကျင်လုံခြုံရေး အခက်အခဲကြောင့် နေရာတိုင်းတွင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဟုဆိုသည်။

ပန်မိုးဝါ(ရိုးရာလေး)

No comments:

Post a Comment