Pages

Sunday, October 20, 2013

ဘယ်လ်ဂျီယံတွင် လေယာဉ်တစ်စင်း ပျက်ကျ ၁ဝ ဦး သေဆုံး


Sunday, October 20, 2013

ဘယ်လ်ဂျီယံနိုင်ငံ အလယ်ပိုင်း နမားပြည်နယ် ဖာနယ်လ်မောင့်မြို့ အပြင်ဘက်ရှိ လယ်ကွင်း ရိုးပြတ်တစ်ခု အတွင်းသို့အောက်တို ဘာ ၁၉ ရက်က အပေါ့စား လေယာဉ်ငယ် တစ်စင်း ပျက်ကျခဲ့ရာ အနည်းဆုံးလူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပျက်ကျသွားသည့် လေယာဉ်ငယ်သည် လေထီးခုန်သမားများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို သယ်ဆောင်လာခြင်းဖြစ်ပြီး လေထီးခုန်သမားများ လေထီးမခုန်မီ လေယာဉ် ပျက်ကျသွားခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကျရာ နေရာသို့ ဒေသတွင်း မီးသတ်တပ်ဖွဲ့က လာရောက် မီးငြှိမ်းသတ်မှုများ လုပ်ဆောင်လျက်ရှိပြီး လူနာတင်ယာဉ်များလည်း ရောက်ရှိလာကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။ 

၎င်းလေယာဉ်သည် အင်ဂျင် နှစ်လုံးတပ် အပေါ့စား လေယာဉ်ငယ် တစ်စင်းဖြစ်ပြီး လေယာဉ်တောင်ပံ ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ရခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment