Pages

Saturday, October 12, 2013

တရုတ်သမ္မတဟောင်း ဟူကျင်းတောင် တိဗက်ဖိနှိပ်မှုနဲ့ စပိန်တရားရုံး ကြားနာမည်



12/10/2013

တရုတ်သမ္မတဟောင်း ဟူကျင်းတောင်ကို တိဗက်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုပြီး အမှုကြားနာစစ်ဆေးဖို့ စပိန်နိုင်ငံတရားရုံးတရုံးက သဘောတူလိုက်ပါတယ်။

စပိန်နိုင်ငံ မဒရစ်မြို့အခြေစိုက် တိဗက်ထောက်ခံရေးကော်မတီကနေ မစ္စတာ ဟူကျင်းတောင်ဟာ ၁၉၈၈ ကနေ ၁၉၉၂ ခုနှစ်အတွင်း တရုတ် ထိပ်တန်း တာဝန်ရှိသူတယောက်အနေနဲ့ တိဗက်ပြည်သူတွေအပေါ် ဖိနှပ်တဲ့ အစီအစဉ်တွေအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲထားတာဖြစ်ပါ တယ်။ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်းမှာလည်း မစ္စတာဟူကျင်းတောင်ဟာ သမ္မတတစ်ဦးအနေနဲ့ တိဗက်တွေအပေါ်ကျူးလွန်တဲ့ နောက်ဆက်တွဲ ရာဇဝတ်မှုတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလူမျိုးတုံးသတ်ဖြတ်မှုထဲမှာ နစ်နာသူနဲ့ သေဆုံးသူတွေထဲမှာ အနည်းဆုံး တယောက်ကတော့ စပိန်နိုင်ငံသားဖြစ်မှသာ စပိန်တရားရေးစနစ်က တရားရုံးကိုကြားနာခွင့်ပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှုကိုကြားနာမယ်လို့ ကြာသပတေးနေ့က သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တရားလို ဗုဒ္ဓဘာသာသံဃာတပါးဖြစ်သူ Thubten Wangchen က ဒီလို အမှုကြားနာခွင့်ပြုတဲ့အမိန့်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ VOA တိဗက်ဌာနကိုပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဝေဖန်လိုက်ပြီး တိဗက်အရေးဟာ ပြည်တွင်းရေးသက်သက် ဖြစ်တယ်လို့ ဆိုပါတယ်။ တခြားနိုင်ငံက တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာကို လက်မခံဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။

VOA

No comments:

Post a Comment