Pages

Sunday, October 20, 2013

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

20.10.2013

တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

အဆိုပါ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်သမ္မတ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင်းပင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဗဟို စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Fan Changlong ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sun Jian Guo ၊ တရုတ်တပ်မတော်မှ အရာရှိများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အကျိုးတူကိစ္စရပ်များ အရှိန်အဟုန် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နေမှုများ၊ တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထား ရပ်တည်ချက်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး ကင်းစင်အောင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်လုံခြုံရေးတို့နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အောက်တိုဘာ ၁၄ ရက်က ပေကျင်းမြို့ရှိ သံချပ်ကာ အင်ဂျင်နီယာတက္ကသိုလ်သို့ သွားရောက်ကာ သံချပ်ကာ တိုက်ယာဉ်များနှင့် လေ့ကျင့်မောင်းနှင်မှု အခြေအနေများ ကို လေ့လာကြည့်ရှုခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

Credit to >Eleven Media Group<

No comments:

Post a Comment