Pages

Sunday, October 20, 2013

"ပညာရေးစနစ်ပြောင်းလဲရေး ဆွေးနွေး"

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစစ်ဆေးတဲ့စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အကောင် အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ယက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ မှာ ပြည်ပပညာရှင်တွေ နဲ့ တနင်္ဂနွေနေ့ က ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ရမှတ်ကို အဓိကထားပြီး အလွတ်ကျက်ဖြေဆိုနေကြတဲ့ စာမေးပွဲစစ်ဆေးတဲ့ စနစ်ကနေ သင်ယူမှုကို ထိထိ ရောက်ရောက် အားပေးတဲ့စနစ်ကို ပြောင်းလဲဖို့ ဆွေးနွေးကြတယ်လို့ ကွန်ယက်အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်မြို့၊ ခ၀ဲခြံမျက်မမြင်ကျောင်းမှာ ကျင်းပခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ညီလာခံကနေ ရရှိလာတဲ့ ဆွေးနွေးအကြံပြုချက်တွေထဲက စာမေးပွဲစနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေး ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲက ရရှိလာတဲ့ အကြံပြုသုံးသပ်ချက်တွေကို လက်တွေ့လုပ်ငန်းခွင်မှာ ၀င်ရောက် လုပ်ကိုင် နေကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။


RFA

No comments:

Post a Comment