Pages
▼
Friday, October 11, 2013
ယူ-၁၉တွင် အသက်လွန်ကစားသမားခေါ်ခြင်းကိုရပ်ဆိုင်းမည်ဟု နည်းပြအတည်ပြု
Friday, October 11, 2013
မြန် မာယူ-၁၉အသင်းနည်းပြဂက် ဆီဇီသည် လာမည့်ပြိုင်ပွဲများ တွင် အသက်ကျော်လွန်နေသည့် ကစားသမားများအားခေါ်ယူ သွားမည် မဟုတ်ကြောင်း ပြော ကြားခဲ့သည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် လာမည့် ၂၀၁၄ခုနှစ် တွင် အာရှယူ-၁၉ပြိုင်ပွဲအား အိမ် ရှင်အဖြစ်လက် ခံကျင်းပသွား မည်ဖြစ်ပြီး ထိုပွဲစဉ်တွင်အောင် မြင်မှုရရှိစေရန်အတွက် ယူ- ၁၉ အသင်း အား မြန်မာနေရှင်နယ်လိဂ်(၂)ပြိုင်ပွဲတွင်ဝင်ရောက်ကစား စေပြီးတစ်နှစ်ပတ်လုံးစခန်းသွင်း လေ့ကျင့်မှုများပြု လုပ်ခဲ့သည်။
သို့သော်ပြီးခဲ့သည့် စက် တင်ဘာလအတွင်းက အင်ဒိုနီးရှား နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ သော အာဆီယံယူ-၁၉ ပြိုင်ပွဲ တွင်မူ မြန်မာနေ ရှင်နယ်လိဂ်မှ ကစားသမားလေးဦးအား ခေါ်ယူ သွားခဲ့သည်။ ထိုဖြစ်ရပ်နှင့်ပတ် သက်၍ ဂက်ဆီဇီက ''ကျွန်တော် တို့အသင်းအနေနဲ့ အာဆီယံပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်ခါနီးမှာ ဘောလုံးအဖွဲ့ချုပ်က ကစားသမား လေးဦးကိုထပ်ခေါ်သွားဖို့ အကြံ ပေးပါတယ်။ ဒီအကြံကိုလက်ခံ ခဲ့မိတာကလဲ ကျွန်တော့်ရဲ့အမှား ပါ။ သူတို့လေးဦးပါလာတော့ အ ရင်က တည်းက လေ့ကျင့်နေခဲ့ တဲ့ ကစားသမားလေးဦးနေရာ ပျောက်သွား တယ်။ နောက်တစ် ချက်က ဒီကစားသမားတွေအနေ နဲ့ အသက်ကျော်နေ တာကိုသိ ပေမယ့် သူတို့ရဲ့ပတ်စ်ပို့အရ အ သက်မီနေသေးတယ်။ ပြိုင်ပွဲလဲ ဝင်ကစားလို့ရနေသေးတာကြောင့် ခေါ်သွားခဲ့တာပါ။ ဒါပေမဲ့ ကျွန် တော်တို့ အနေနဲ့ နောက်ထပ်အ သက်ကျော်နေတဲ့ ကစားသမားတွေ ကိုတော့ ထပ်ပြီးခေါ်ယူတော့မှာ မဟုတ်ပါဘူး''ဟုပြောသည်။
ထို့အပြင် မြန်မာယူ-၁၉ အသင်း၏ လက်ထောက်နည်းပြ ဦးညီညီလတ်က ''ကျွန်တော်တို့ အနေနဲ့ အသက်ကျော်တဲ့ကစား သမားကိုမခေါ်တော့ ဘူးဆိုတဲ့ နေရာမှာ အာမခံနိုင်တာတစ်ခု တော့ရှိပါတယ်။ ဒါက ကျွန်တော် တို့အနေနဲ့ ကစားသမားတစ်ဦး ကိုဘယ်တော့မှ သက္ကရာဇ်ဖြိုပြီး မခေါ် ယူပါဘူး။ ဒါပေမဲ့ ကစား သမားတစ်ဦးဟာပုံမှန်အားဖြင့် ကျွန်တော်တို့ဆီ ကိုမရောက်ခင် ယူ-၁၀၊ ယူ-၁၂၊ ယူ-၁၄၊ ယူ- ၁၆စတဲ့ အသင်းတွေကိုဖြတ် သန်း လာရမှာပါ။ ဒါကြောင့် အရင်က အသင်းတွေမှာ အသက်မှန်ကိုမ စစ်ခဲ့ဘူးဆိုရင်တော့ ကျွန်တော် တို့လဲ မတတ်နိုင်ပါဘူး။ ကျွန်တော် တို့အနေနဲ့ ကစားသမားတစ်ဦး ကို မှတ်ပုံတင်နဲ့ ပတ်စ်ပို့ကိုပဲကြည့် နိုင်ပါတယ်။ သူ့အသက် မှန်၊ မမှန် ဆိုတာကိုတော့ ကျွန်တော်တို့ လိုက်ပြီးမစစ်ဆေးနိုင်ပါဘူး။ ဒါ့ ကြောင့် ကစားသမားတွေအနေ နဲ့ရော သက်ဆိုင်ရာအသင်းတွေ အနေနဲ့ပါ အသက်ကိုအမှန်အ တိုင်းပြောပြီး ပြိုင်ပွဲတွေမှာ မှတ် ပုံတင်သင့်ပါတယ်''ဟု ပြောသည်။
ညီမိုဃ်း
Yangon Media Group
No comments:
Post a Comment