Pages

Sunday, October 20, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲနှင့် ပြည်သူ့သဘောဆန္ဒ ရယူခြင်း အခမ်းအနား မော်လမြိုင်တွင် ပြုလုပ်

Sunday, October 20, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲနှင့် ပြည်သူ့သဘောဆန္ဒ ရယူခြင်း အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မွန်ပြည်နယ်မှဦးစီးကာ အောက်တိုဘာ၁၈ရက်နံနက်ပိုင်းက မော်လမြိုင်မြို့ မရမ်းကုန်း ရပ်ကွက်ရှိ မွန်မြတ်သော အိမ်ထောင်စု ဘုရားရှိခိုးကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယကအဖွဲ့ဝင် နိုင်သောင်းညွန့်၊ မော်လမြိုင်မြို့ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်၊ မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်နှင့် မြို့နယ် ခြောက်မြို့နယ်မှ ဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ အခြား ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ပြည်သူများ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဗဟိုကော်မတီဝင် ဦးမောင်ဖေတင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြုပြင်မည်၊အသစ်ရေးဆွဲမည်သဘောထားကောက်ယူရာ ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူ ရာခိုင်နှုန်း ၉၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမှုများအရ ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူ အများစု ဖြစ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သဘောထား ကောက်ခံမှုများအရ အသစ်ရေးဆွဲခြင်းအပေါ် ထောက်ခံသူ နည်းပါးပြီး အားလုံးနီးပါးမှာ ပြင်ဆင်လိုသည့် ရည်ရွယ်ချက် ရှိနေကြောင်း သိရသည်။

အဆိုပါ ဆန္ဒသဘောထား ကောက်ယူခြင်းမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများ ကို ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ NLD က တင်ပြသွားမည် ဖြစ်ပြီး အဆိုပါ ကော်မတီအနေဖြင့် လေ့လာ သုံးသပ် တွေ့ရှိချက် အစီရင် ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ တင်သွင်း သွားရမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment