Pages

Monday, October 14, 2013

ဆီးဂိမ်းဖွင့်ပွဲအတွက် ရောင်းချမည့် လက်မှတ်အရေအတွက် နည်းမည်


Monday, October 14, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အထူးဧည့်သည်တော်များ၊ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်များသောကြောင့် ဖွင့်ပွဲတွင်ရောင်းချမည့် လက်မှတ် အရေအတွက် နည်းပါးမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့် ဦးက ပြောသည်။

ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ်္ဓိအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲ၌ ရိုးရာကအများ၊ အေရိုးဗစ်အကများ၊ မြန်မာ့ရိုးရာခြင်းလုံးသရုပ်ပြကွက်များ၊ ကမ္ဘာမြေစိမ်းလန်းရေး ဖော်ကျူး ထားသည့် တေးသရုပ်ဖော်မှုများ၊ ကျောက်ဆည်ဆင်အကများ၊ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများ စသည့် အနုပညာရှင်ပေါင်းများစွာမှ ဖျော်ဖြေမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်း အနား ကျင်းပချိန်မှာ သုံးနာရီကျော် ကြာမြင့်မည် ဖြစ်သည်။ 

အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့်ဦးက “ဖွင့်ပွဲမှာ တိုင်းနဲ့ပြည်နယ်က အသီးသီးက အားပေးမယ့် ပရိသတ် ၁၀၀ စီ ခေါ်မှာပါ။ တိုင်းနဲ့ပြည်နယ်က အားပေးမယ့် လူတွေရယ် ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ဆို အထူးတန်းပွဲကြည့်စင်က ပြည့်သလောက် ရှိနေပါပြီ။ ဖိတ်ကြားထားတဲ့ ဧည့်သည်အရေအတွက်များတာကြောင့် ဖွင့်ပွဲလက်မှတ် အရေအတွက်နည်းမှာပါ။ ကန့်သတ်ချက်ရှိပါတယ်။ နောက်ပြီး ဖွင့်ပွဲကို ရန်ကုန်၊ မန္တလေး၊ ငွေဆောင်စတဲ့ အဓိကနေရာတွေမှာ LED ဘုတ်အကြီးတွေနဲ့ တိုက်ရိုက်ပြမှာပါ။ ဖွင့်ပွဲမှာ ရောင်းချမယ့် လက်မှတ် အရေအတွက်နဲ့ ဈေးနှုန်းကိုတော့ အတည်မပြုရသေးပါဘူး” ဟု ပြောကြားခဲ့သည်။

ဆီးဂိမ်းဖွင့်ပွဲ ကျင်းပမည့် နေပြည်တော်၊ ၀ဏ္ဏသိဒ်္ဓိအားကစားကွင်း ပရိသတ်စုစုပေါင်း ၃၂၀၀၀ ဆံ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ အိမ်နီးချင်းနိုင်ငံများမှ ဧည့်သည်များ တက်ရောက်ကြမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment