Pages

Sunday, October 20, 2013

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် လိုင်စင်မဲ့အရက် သောက်သုံးမိ လူ ၃၇ ဦးသေဆုံး

Sunday, October 20, 2013

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၌ အောက်တိုဘာ ၁၈ရက်ညနှင့် ၁၉ရက်နံနက်ပိုင်းတွင် လူ ၃၇ ဦး လိုင်စင်မဲ့ချက်လုပ်သော အရက်ပြင်းကို သောက်သုံး မိရာမှ သေဆုံးကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။

ဥတ္တရာပရာဒေ့ရှ်ပြည်နယ် အဇမ်ဂါ့ခ်ျခရိုင်တွင် အဆိုပါဖြစ်ရပ် ပေါ်ပေါက်ခြင်းဖြစ်ကြောင်း၊ အရက်စွဲနေ သော ဆင်းရဲသား အလုပ်သမားများက ဈေးပေါပေါဖြင့် ရသော အရက်ကို ဝယ်ယူသောက် သုံးမိရာက အားလုံးသေဆုံး သွားကြခြင်းဖြစ်ကြောင်း၊ အဆိုးဆုံးကြေကွဲဖွယ် ရာဖြစ်ရပ် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံအခွန်စည်းကြပ်ရေး အရာရှိတစ်ဦး အပါအဝင် လူ ၁၀ဦးကို ခေတ္တ ရာထူးချ ထားရန် ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြား လိုက်ကြောင်း၊ အရက်သောက် ၍ သေဆုံးသူများသည် ဒေသတွင်းရှိ ဈေးဆိုင်များမှ ရောင်းချသောအရက်ပြန်နှင့် ရေရောပြီး

 ပြုပြင်ထားသောအရက်ကို သောက်သုံးမိကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

ဈေးပေါသော တရားမဝင်အရက်များ အိန္ဒိယနိုင်ငံရှိ ဈေးဆိုင်များတွင် ရောင်းချပြီး အရက်ပုန်း ဟု ခေါ်ဆို သည် ဟု သိရသည်။

ဆင်ဟွာ။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment