Pages

Monday, October 14, 2013

အမေရိကန်သင်္ဘော ဗင်နီဇွဲလားရေတပ် ဖမ်းဆီး


Monday, October 14, 2013

ဗင်နီဇွဲလားရေတပ်သည် ၎င်း၏ပိုင်နက်ရေပြင်အတွင်းသို့ ဝင်ရောက်လာပြီး အမေရိကန်ကုမ္ပဏီ တစ်ခု၏ သင်္ဘောတစ်စင်းကိုဖမ်းဆီးသွားကြောင်း ဂီယာနာ အစိုးရကပြောကြောင်း စနေနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည့် အက်ဆီကွီဆိုဒေသအတွင်း ဝင်ရောက် ၍ ဗင်နီဇွဲလားနိုင်ငံ၏ လှုပ်ရှားပြုမူပုံ သည် ဒေသတွင်းငြိမ်းချမ်းရေးကို ခြိမ်း ခြောက်လျက်ရှိကြောင်း ဂီယာနာက ပြောသည်။

အဆိုပါသင်္ဘောသည် ယင်းရေပြင် အတွင်း ရေနံရှာဖွေရန်ခွင့်ပြုချက်ရရှိ ထားသော တက္ကဆက်အခြေစိုက် အနာဒါကိုကုမ္ပဏီ၏သင်္ဘောဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံ က ၎င်း၏ ပိုင်နက် ရေပြင် အတွင်းသို့ တရားမဝင် ရေနံရှာဖွေနေသည့်အတွက် ယင်း သင်္ဘောကိုဖမ်းဆီးခြင်း ဖြစ်သည်ဟု ပြောကြားသည်။ အမေရိကန် ပြည်ထောင်စုကမူ ထိုဖမ်းဆီးခြင်းနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ရန် ငြင်းဆိုသည်။

တက်နစ်ပါးဒါးနားအမည်ရှိ အဆိုပါ သင်္ဘောသည် အောက်တိုဘာ ၁၀ရက် တွင် ပင်လယ်ကြမ်းပြင်၌ သုတေသန ပြုလုပ်နေစဉ် ဗင်နီဇွဲလားရေတပ် သင်္ဘောတစ်စင်း ရောက်ရှိလာကာ ၎င်းတို့ပိုင် မာဂါရီတာကျွန်းသို့ မောင်းနှင်ရန် အင်အားပြခိုင်းစေခဲ့ သည်ဟု ကုမ္ပဏီက ပြောကြားသည်။

ဤဖြစ်ရပ်ဖြစ်ပွားသည့် အချိန်၌ တက်နစ်ပါးဒါးနားသည် ဂီယာနာ နိုင်ငံ၏ ရေပြင်အတွင်းရှိနေသည်မှာ အမှန်ဖြစ်ပါသည်ဟု ဂီယာနာနိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ဗင်နီဇွဲလား အာဏာပိုင်များက သင်္ဘောပေါ်တက်ရောက်၍ ဖမ်းဆီး ခဲ့သည့် သင်္ဘောသားများတွင် အမေ ရိကန်နိုင်ငံသား ငါးဦးပါဝင်ကြောင်း သတင်းကိုသတိထားမိကြောင်း အမေ ရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

သင်္ဘောသားများနှင့် သင်္ဘော အန္တရာယ်ကင်းစွာပြန်လည်ရောက်ရှိရန် ဂီယာနာအစိုးရ၊ အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့နှင့်သံရုံးဝန်ထမ်း များ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိ သူက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ဂီယာနာ အာဏာပိုင်များထံမှ တရားဝင် ရှင်းလင်းချက် တောင်းခံထားကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment