Pages

Monday, October 14, 2013

မလေးရှားနိုင်ငံမှ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၅၉၁ သန်းကျော် ထပ်မံမြှုပ်နှံ


Monday, October 14, 2013

မလေးရှားနိုင်ငံမှ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၅၉၁ သန်းကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၉၁ သန်းကျော် ၁ ဒသမ ၆ ဘီလျံကျော်အထိ ရှိလာကြောင်း သိရသည်။

အဆိုပါ မြှုပ်နှံမှု ပမာဏမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လကုန်မှ သြဂုတ်လကုန်အထိ တစ်လအတွင်း လုပ်ငန်းနှစ်ခုတွင် ထပ်မံမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး မေလအတွင်း၌လည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း မလေးရှားနိုင်ငံ အခြေစိုက် ကုမ္ပဏီများဖြစ်သည့် APM Automotive Indochina ကုမ္ပဏီနှင့် ETCM(MM) Pte ကုမ္ပဏီတို့အား မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် Nissan တံဆိပ် မော်တော်ကား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးတွင် လုပ်ကိုင်ခွင့်ချထားပေးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်နေသည့် နိုင်ငံများ စာရင်းတွင် အဆင့်ခုနစ် နေရာ၌ ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Eleven Media Group

No comments:

Post a Comment