အောင်မင်း (ဘာသာပြန်သည်)
မြန်မာ-အိနိ္ဒယနှစ်နိုင်ငံစစ်ရေ
Singh သည် နှစ်နိုင်ငံစစ်ရေးဆက်ဆံမှု မြှင့်တင်နိုင်မည့် နည်းလမ်းများအား မြန်မာစစ်တပ်၏ ထိပ်တန်း ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးသွားမည်ဟုလည်း အိန်္ဒိယစစ်တပ် တာဝန်ရှိသူ များက ပြောကြား ထားသည်ဟုလည်း Business Standard ကရေးသားထားသည်။
ခရီးစဉ်အတွင်း စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် V K Singh အနေဖြင့် Pune မြို့ရှိအမျိုးသားကာကွယ်ရေး အကယ်ဒမီတွင် သင်ကြားနေသည့် မြန်မာစစ်တပ်မှ ဗိုလ်လောင်းအရေအတွက်အား ပိုမိုလာရောက် သင် ကြားရန်ကိုလည်း ကမ်းလှမ်းသွားမည်ဖြစ်သည်။ ထို့အတူ အိနိ္ဒယနိုင်ငံအနေဖြင့် နယ်စပ်ဒေသများနှင့် ဆက်သွယ်ရေးတိုးတက်လာစေရန်အတွက် လမ်းတည်ဆောက်သည့် ပစ္စည်းကိရိယာများကိုလည်း မြန် မာနိုင်ငံသို့ပေးအပ်ရန် ကမ်းလှမ်းသွားမည် ဖြစ်သည်။
လွန်ခဲ့သောနှစ်များအတွင်း၌ အိနိ္ဒယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှုများ ပိုမိုခိုင်မာ လာ စေရန်အတွက် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ၎င်းဆောင်ရွက်မှုအား ပင်လယ်ရေကြောင်းစောင့် ကြည့်ရေး ကင်းထောက် လေယာဉ်နှစ်စင်းအား လက်ဆောင်ပေးခြင်းဖြင့် စတင်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပဆက်သွယ်ရေးများတိုးတက်လာရေ
Mizzima
No comments:
Post a Comment