Pages

Thursday, October 31, 2013

အချုပ်ခန်းအတွင်းသို့ မူးယစ်ဆေးတင်သွင်းသည့် အမျိုးသမီးငယ် နေ့တွင်းချင်း ထောင်ဒဏ်ချမှတ်ခံရ

31.10.2013

အရှေ့ပိုင်းခရိုင် တရားရုံးအချုပ်ခန်းအတွင်းသို့ မူးယစ်ဆေးဝါးများ တင်သွင်းခဲ့သည့် အမျိုးသမီးငယ်တစ် ဦးကို နေ့ချင်းပင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

အမှုမှာ အောက်တိုဘာ ၂၉ နံနက် ၁၁ နာရီခွဲက ခရိုင်တရားရုံးရာကြီးအမှတ် ၉၈/၂၀၁၃ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က) /၂၀(က) ဖြင့် ရုံးထုတ် လာသောထားသော သန့်ဇင်(ခ)ကုလားဆိုသူအား ဧည့်တွေ့ချိန်တွင် မူးယစ်ဆေးဝါးတင်သွင်းသူကို ဖမ်း ဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖြစ်စဉ်မှာ၎င်းထံသို့ ဧည့်တွေ့လာသည့် သာကေတမြို့နယ်၊ (၁၀/တောင်) /ရပ်ကွက်နေ မသူဇာက အချုပ်ခန်းအတွင်းသို့ မသင်္ကာဖွယ်ရာ ပစ္စည်းထုပ်တစ်ခုပေးနေသည်ကို အချုပ်ခန်း လုံခြုံရေးအဖွဲ့ကတွေ့ ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ စနိုးတာဝါအဖြူဖြင့် ထုတ်လျက် ARTAIN ဆေးပြား ၁၀၀ ပြားအား ပလပ်စတစ်အဖြူဖြင့် ထည့်လျက်လည်းကောင်း၊ သခွားမွှေးပုံ Dextro ဆေးပြား ၁၀၀ပြား အား ပလပ်စတစ်အဖြူအိတ်ဖြင့် ထည့်လျက်လည်းကောင်းတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် တရားရုံးအချုပ်ခန်းအတွင်းသို့ တားမြစ်ကန့်သတ်ထားသည့် ဆေးဝါးများပေးသွင်းရန် လုပ် ဆောင်သူ မသူဇာ(ခ) မနန်းရတနာစိုးဦးအား အရေးယူပေးရန် ဒု-ရဲအုပ်အောင်ကျော်စိုးက တရားလိုပြု လုပ်တိုင်တန်းခဲ့သည်။

ယင်းတိုင်တန်းမှုကို သုဝဏ္ဏနယ်မြေရဲစခန်းက ရဲအရေးမပိုင်မှု အမှတ်စဉ် ၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး အ ကျဉ်းထောင်အက်ဥပဒေပုဒ်မ ၄၂ အရ ရေးဖွင့်ပြီး အောက်တိုဘာ ၂၉ ရက်တွင်ပင် တရားစွဲတင်ပို့ခဲ့ သည်။

ယင်းတရားစွဲတင်ပို့မှုကို တရားရုံးက ပြစ်မှုကြီးအမှတ် (၈၄၄/၂၀၁၃)ဖြင့် လက်ခံပြီး ဒု-မြို့နယ်တရားသူ ကြီး (၁) ဦးထွန်းဦးက တရားခံမသူဇာ (ခ) မနန်းရတနာစိုးဦးအား ထောင်ဒဏ်သုံးလချမှတ်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆိုသည်။


Mizzima

No comments:

Post a Comment