Pages

Tuesday, October 22, 2013

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ပို့လွှတ် နေသည့်တိုင် မကွေးတိုင်းအတွင်း ဒေသခံများ လျော်ကြေး မရရှိသေး


20-10-2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ သဘာဝ ဓာတ်ငွေ့များ စတင်ပို့လွှတ် နေသည့်တိုင် ယင်းပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်း ဒေသကြီး ငဖဲ၊ ပွင့်ဖြူ၊ ရေနံချောင်း မြို့နယ်များ အတွင်းရှိ ဒေသခံများ လျော်ကြေးငွေ မရရှိခြင်းနှင့် နောက်ဆက်တွဲ ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း ဂုတ်ကြီး ကျေးရွာအုပ်စုတွင် မူလလျော်ကြေးငွေ ပေးထား ခဲ့သည့် မြေ ဧရိယာ ထက် ပိုမိုပျက်စီးခဲ့မှုများ ယင်းနယ်မြေအတွင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်း ၀န်းကျင်ရှိ မင်းဘူး-အမ်း ကားလမ်းတွင် မြေပြိုမှုနှင့် လမ်းပျက်စီးမှုများ ကြုံတွေ့နေ ရကြောင်း ဒေသခံများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်ခုံစုကျေးရွာမှပိုက်လိုင်း ဖြတ်သန်းခဲ့သည့် ဒေသခံများ၏ယာမြေများတွင် လျော်ကြေးငွေ
 ပေး ခဲ့သည့် ဧရိယာထက် ယာမြေပိုမို ပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်း ကျေးရွာနှင့် မုံကန်ကျေးရွာ များတွင်လည်း ပိုက်လိုင်း အမှန်တကယ် ဖြတ်သန်းခံခဲ့ရသည့် တိုင် လျော်ကြေးငွေ မရရှိခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံများမှ ပြောကြားသည်။
''မိုးရွာပြီး တောင်ကျရေတွေ တိုက်စားခဲ့လို့ လျော်ကြေးငွေ ပေးခဲ့တဲ့အထဲ မပါတဲ့ ကျွန်တော်တို့ ဥယျာဉ်မြေတွေထဲက သစ်ပင်တွေ ပျက်စီးခဲ့ပါတယ်။ အဲဒီလို ပျက်စီးခဲ့တာတွေ အတွက် သက်ဆိုင်ရာ ဌာနတွေက သုံးကြိမ်လောက် လက်မှတ်တွေ လာထိုးခိုင်းပေမယ့် ဘာလျော်ကြေးမှ အခုထိ မပေးသေးဘူး'' ဟု ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။
ယင်းကိစ္စများနှင့် ပတ်သက်၍ ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူးက ''ကျွန်တော်တို့ လျော်ကြေးငွေ နှစ်ကြိမ်ပေး ခဲ့ ပြီးပါပြီ။ တောင်သူတွေက အပင်တွေ ယာယီစိုက်ပြီး လျော်ကြေးငွေ လိမ်တောင်းတာတွေရှိလို့ စိစစ်နေ ဆဲမို့ တတိယအကြိမ် လျော်ကြေးမပေးရ သေးတာပါ'' ဟု ပြောကြားသည်။
တရုတ်ပိုက်လိုင်း ဖြတ်သန်းရာ ရေနံချောင်းမြို့နယ်ဆားတိုင် ကျေးရွာတွင် မြေယာပျက်စီးခဲ့သည့်
 တောင်သူတစ်ဦးအား သတ်မှတ်လျော်ကြေး မပေးခဲ့မှုအား သက်ဆိုင်ရာဌာနက စစ်ဆေး ခဲ့ပြီးမှ လျော်ကြေးငွေ ပေးခဲ့မှု တစ်ခုလည်း ရှိခဲ့ကြောင်း ရေနံချောင်း မြို့နယ် မုံကန်ကျေးရွာ မှ လျော်ကြေးငွေ မရရှိသေးသည့် တောင်သူများ စုပေါင်း၍ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း သိရသည်။

Eleven Media

No comments:

Post a Comment