Pages

Saturday, October 12, 2013

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနှင့် လွဲချော်တော့မည့် နာမည်ကျော်ကစားသမားများ


Saturday, October 12, 2013

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်အတွက် အောက်တိုဘာ ၁၂ ရက်နေ့က ကမ္ဘာတစ်ဝှမ်း မှာ ခြေစစ်ပွဲ များ ကစားခဲ့ကြရာမှာ ခြေစစ်ပွဲအောင် အသင်းအချို့ ထွက်ပေါ်လာပြီ ဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနှင့် လွဲချော်တော့မည့် အသင်းများလည်း ထွက်ပေါ်လာပြီ ဖြစ်သည်။ ခြေစစ်ပွဲများ ရှုံးနိမ့်မှုကြောင့် လွဲချော်ကြမည့် နာမည်ကျော် အချို့ကို ကဖေးပရိသတ်ကြီးများအတွက် စုစည်း ဖော်ပြလိုက်ပါသည်။

ဂရတ်ဘေးလ် (ဝေးလ်စ်၊ ရီးရဲမက်ဒရစ်)
အာရွန် ရမ်းမ်ဆေး (ဝေးလ်စ်၊ အာဆင်နယ်)
အိုဗန်နိုဗစ် (ဆားဘီယား၊ ချယ်ဆီး)
နာဆတာဆစ် (ဆားဘီယား၊ မန်စီးတီး)
ကိုလာရော့ဗ် ( ဆားဘီးယား၊ မန်စီးတီ)
ချာလီ အဒမ် (စကော့တလန်၊ စတုတ်)
နေးလ်စမစ် (စတော့တလန်၊ အဲဗာတန်)
ပီတာဆက်ခ်ျ (ချက်၊ ချယ်ဆီး)
ရိုဆစ်စကီး (ချက်၊ အာဆင်နယ်)
ဂျွန်နီ အီဗန် (မြောက်အိုင်ယာလန်၊ မန်ချက်စတာယူနိုက်တက်)
မာတင်စကာတယ် (စလိုဗာကီးယား၊ လီဗာပူးလ်)
ဖေဘီယံစကီး (ပိုလန်၊ အာဆင်နယ်)
ဆက်ဇနီ (ပိုလန်၊ အာဆင်နယ်)
လီဝန်ဒေါစကီး (ပိုလန်၊ ဒေါ့မွန်)
ဆန်တာ ခရုဇ် (ပါရာဂွေး၊ မာလာဂါ)
ကလော်ဒီယို ပီဇာရို (ပီရူး၊ ဘိုင်ယန်မြူးနစ်)

ဖော်ပြပါ ကစားသမားတွေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနှင့်သေချာပေါက် လွဲချော်ပြီ ဖြစ်တဲ့ ကစား သမားတွေ ဖြစ်ပါတယ်။ အချို့ နာမည်ကျော် ကစားသမားများဟာလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနှင့် လွဲချော်ဖွယ် ရှိနေပြီး လာမယ့် ဗုဒ္ဓဟူးနေ့ ညမှာ ထပ်မံ အဖြေထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

Written by အောင်စိုးမိုး(နတ်ရွာ)
http://www.football-cafe.com/

No comments:

Post a Comment