Pages

Monday, October 21, 2013

ရှေးဟောင်းရုပ်တုများ သယ်ဆောင်လာသူ ဖမ်းမိ

Monday, October 21, 2013

ကရင်ပြည်နယ် မြ၀တီမြို့မ ရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ရက်က သက်သေများနှင့် အတူ မြို့ပေါ်ရပ်ကွက်များ၌ လှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၁)ရပ်ကွက် ကျောက်တန်းဂိတ်
တွင် မြ၀တီမြို့ အမှတ် (၁)ရပ်ကွက် နှင်းဆီလမ်းနေ မောင်ထွေး (၃၀)နှစ်အား ပီနံအိတ် ဖြင့် ထုပ်ထားသည့်အထုပ် တစ်ထုပ် နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အိတ်အတွင်းမှ အမြင့် ခုနစ်ပေ ကိုးလက်မ၊ လုံးပတ် ငါးလက်မခန့်ရှိ သစ်သားမတ်ရပ် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ အမြင့် နှစ်ပေ၊ လုံးပတ်နှစ်ပေခန့်ရှိ လက်အုပ်ချီလျက် ရဟန္တာ ရုပ်တု ကျောက် ဆင်း တုတော် တစ်ဆူပါ ဆင်းတုတော် ခုနစ်ဆူ၊ အမြင့် ၁၈ လက်မ၊ လုံးပတ် ၁၉ လက်မခန့်ရှိ သေလိန္ဒယ က္ခသေနာပတိ စာတန်းပါ ကျောက်ဘီလူးရုပ်တု တစ်ခုနှင့် အမြင့် ၂၃ လက်မ၊ လုံးပတ် ၂၂ လက်မခန့်ရှိ ကျောက်မင်းသမီးရုပ် တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ သဖြင့် မောင်ထွေး အား မြ၀တီမြို့မရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်းနှင်.စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment