Pages

Tuesday, October 15, 2013

ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ပြော ကြား

                                           သတင်းနှင့်ဓါတ်ပုံ-National League for Democracy
 
၁၅.၁၀.၂၀၁၃

အောက်တိုဘာလ ၁၅ ရက်နေ့နံနက်ကကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေး
ဒသမနေကို တက်ရောက်လာစဉ် လတ်တလော ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက်၍ မီဒီယာများမေးမြန်းမှုကိုတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌဒေါ်အောင်ဆန်း စုကြည် ကဖြေကြားရာတွင် ဒါကတော့အုပ်ချုပ်ရေးပိုင်းနှင့်ဆိုင်တဲ့ကိစ္စဘဲအမေတို့က လိုက်ဖမ်းနိုင်တဲ့ သူတွေမှ မဟုတ်တာ လုံခြုံရေးအစီအစဉ်အားနည်းတယ်လို့ပြောရအောင်လည်း ဘယ်တွေမှာဗုံးတွေချ တယ်ဆိုတာလည်း ရှိသေးတယ်ပေါ့နော်။အရေးကြီးတာက ဘယ်သူတွေ လုပ်လဲဆိုတာမြန်မြန်ဖေါ်ထုတ်ဖို့ပါဘဲ။
ပြည်သူတွေကဆိုးရိမ်တော့ဆိုးရိမ်တာပေါ့ ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့ အမေကတော့ဒါပေမယ့် အမေကတော့ ယုံကြည်တယ် အမေတို့ ပြည်သူတွေကခေါင်းအေးအေးနဲ့ စဉ်းစားတတ်မှာပါ။ ဒါတွေကတ မင်ပေါ့နော် လုပ်လုပ်ရှားရှားဖြစ်အောင်လို့စွတာဆိုတော့အဲ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ တမင်စိတ်လှုပ်ရှားအောင် လန့်အောင်ဖြန့်အောင်တမင်လုပ်တာဆိုတော့ ဒီထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ် ။ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတက်ဖို့လိုတယ်။ဒါကို သတိတော့ ထားရမှာပေါ့။စိုးရိမ်မှု လွန်ကဲနေလို့တော့ ဘယ် ဖြစ်မလဲ ။လူများတဲ့ နေရာသွားရင် အန္တရယ် ဖြစ်မလားဆိုတာ စိုးရိမ်လာရတာပေါ့။သတိရှိတာတော့ မမှားပါဘူး။ဒါပေမယ့်အစိုးရိမ်လွန်နေလို့တော့လည်း မကောင်းဘူးဘာဘဲပြောပြော မဇ္စိမပရိပရာပေါ့ ဥပဒေပြုပြင်ပြောင်းလည်းရေးနှင့်ပတ်သပ်ပြီးမေးမြန်းရာ အဲ့တာလည်းဖြစ်နိုင်တယ်ပြောလို့တော့မရဘူးပေါ့နော် ဒါက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဘယ်သူတွေဟာ လုပ်တာလည်းဆိုတာ ဖေါ်ထုတ်ပေးမှဖြစ်မှာပေါ့၊ မှန်းခြေနဲ့သိမ်စဉ်းစားနေရင်တခါတလေ မဖြစ်သင့်တာတွေဖြစ် သွားလိမ့်မယ် တင်းမာမှုတွေဖြစ်သွားနိုင်မယ် စသည်ဖြင့်ဖြေကြားခဲ့သည်။


PMNJ

No comments:

Post a Comment