Pages

Tuesday, October 22, 2013

အစ္စရေး နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ဆီးရီးယားတွင် သိမ်းဆည်း ရမိ



ဆီးရီးယားတပ်ဖွဲ့များသည် ပြည်ပ နိုင်ငံများ ကျောထောက် နောက်ခံ ပြုထားသော စစ်သွေးကြွများ ပိုင်ဆိုင် ထားသည့် အစ္စရေး နိုင်ငံထုတ် ဒုံးကျည်များကို ဖမ်းဆီး ရမိခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက် NEWSnow သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ဒုံးကျည်များကို Dara မြို့၏ အနောက် တောင်ပိုင်း ကျေးလက်ဒေသ အတွင်းရှိ
al- Tabeh ကျေးရွာ အနီးတွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား တပ်ဖွဲ့များသည် ဒုံးကျည်များ သာမက ခေတ်မီ စက်သေနတ်များ ၊ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာများ အပါအဝင် အစ္စရေး နိုင်ငံထုတ် စစ်လက်နက် ပစ္စည်းများ နှင့် လက်နက်ခဲယမ်း ပေါင်းများစွာ ကိုလည်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဆီးရီးယား တပ်ဖွဲ့များ အနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးရမိမှု သည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း သိရသည်။ အစီရင်ခံစာ များအရ အနောက် အင်အားကြီး နိုင်ငံများနှင့် ၄င်းတို့၏ ဒေသတွင်း မိတ်ဖက် နိုင်ငံများ ဖြစ်သော အထူးသဖြင့် ကာတာ ၊ ဆော်ဒီအာရေဗျ နှင့် တူရကီ နိုင်ငံတို့သည် ဆီးရီးယား နိုင်ငံအတွင်းရှိ စစ်သွေးကြွ များအား ထောက်ပံ့ ကူညီ နေကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment