Pages

Friday, October 11, 2013

တပ်ခ်ျမဟာတွင် ဖိနပ်ကြော်ငြာရိုက်သည့်အမေရိကန်မယ်စကြဝဠာ အမှုရင်ဆိုင်ရဖွယ်ရှိ


Friday, October 11, 2013

တပ်ခ်ျမဟာတွင် ခွင့်ပြုချက် မရဘဲ ဖိနပ်ဖက်ရှင်ဓာတ်ပုံရိုက် ကူးခဲ့မှုအတွက် မယ်စကြဝဠာအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။ မယ်စကြဝဠာ၏ ဖိနပ်ဖက် ရှင်ဓာတ်ပုံရိုက်ကူးမှုသည် တပ်ခ်ျ မဟာ ထိန်းသိမ်းစောင့်ရှောက်သူ တို့က စော်ကားမှုအဖြစ် အပြင်း အထန်ပြစ်တင်ဝေဖန်ခဲ့သည်။

အသက်၂၁နှစ်အရွယ်ရှိ မယ်စကြဝဠာဖြစ်သည့် အမေရိ ကန်အမျိုးသမီး အိုလီဗီယာကာလ် ပိုသည် ၁ဝရက်ကြာ အိန္ဒိယခရီး စဉ်အတွင်း ကျော်ကြားလှသော တပ်ခ်ျမဟာအဆောက်အအုံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ် သည်။ ကာလ်ပိုသည် တပ်ခ်ျမဟာ တွင် နာမည်ကြီးကုန်အမှတ်တံ ဆိပ်ဖိနပ်များကိုစီး၍ ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့ကြောင်း အာ ဂရာမြို့ရှိ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းရဲစခန်းမှ ဆူရှန့်ဂါးက ပြော သည်။

မယ်စကြဝဠာသည် တပ်ခ်ျ မဟာတွင်ဓာတ်ပုံရိုက်ယူရာ၌ ခွင့် ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ယူခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရှေး ဟောင်းသုတေသန လေ့လာဆန်း စစ်ရေးအဖွဲ့မှ အင်န်ကေပါတက်ခ် က ပြောကြားခဲ့သည်။ တပ်ဂ်ျမဟာ သို့ အလည်လာရောက်သူများမှာ တပ်ခ်ျမဟာဥယျာဉ်အတွင်းမှ လွဲ ၍ ဖိနပ်ချွတ်ရန် စည်းကမ်းချက် သတ်မှတ်ထားကြောင်း ပြော ကြားခဲ့သည်။အကယ်၍ မယ်စကြဝဠာ အနေနှင့် စည်းကမ်းချိုးဖောက် ပါက အမှုနှင့်ရင်ဆိုင်ရမည်ဖြစ် ကြောင်း တပ်ဂ်ျမဟာထိန်းသိမ်း စောင့်ရှောက်သူ မူနာဇာအလီက ပြောကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment