Pages

Thursday, October 31, 2013

လက်နက်ကိုင် အတိုက်အခံများကို ကူညီမှုရပ်တန့်ရန် အာဆပ်ပြော


31.10.2013
ဆီးရီးယားသမ္မတ အာဆပ်သည် ဆော်ဒီကို နိုင်ငံရေးအရအဖြေရှာရမည့် ဆီးရီးယားနိုင်ငံ၏ ပဋိပက္ခ ကို အောင်မြင်စေလိုလျှင် လက်နက်ကိုင် အတိုက်အခံများကို ငွေကြေး မထောက်ပံ့ရန် ပြည်တွင်း TV သတင်းအစီ အစဉ်တစ်ခုတွင်ပြောကြားခဲ့ကြောင်း AP သတင်းစာက ဖော်ပြ ထားသည်။

ဗုဒ္ဓဟူးနေ့က အာဆပ်သည် ကုလ- ဆီးရီးကိုယ်စားလှယ် လခါဘရက်ဟီမီနှင့် ဒမတ်စကတ်မြို့ တွင် တွေ့ဆုံရာ၌ ဆီးရီးယားပြည်သူများသည် နိုင်ငံအနာဂတ်ကို ၎င်းတို့ကိုယ်တိုင် ပုံဆောင်ရန် အခွင့်ရှိပြီး မည်သည့် ဖြေရှင်းချက်များကိုမဆို၎င်းတို့ထောက်ခံမှုရှိရမည် ဖြစ်ကြောင်းအာစပ်၏ ပြောကြားချက်ကို

 ပြည်တွင်း T.V သတင်းအစီအစဉ်က ထုတ်လွှင့်ခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ်နှင့် စပ်လျဉ်း၍ နိုင်ငံရေးအရအဖြေရှာရန် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အစည်း အဝေးကို ပြုလုပ်နိုင်ရန်အတွက် မတည်ငြိမ်သေးသည့် ဆီးရီးယားသံတမန် ဆက်ဆံမှုများ ကို ဖော်ဆောင်ရန် ဘရာဟီမီသည် ဒမတ်စကတ်မြို့တွင် ရှိနေကြောင်း သိရသည်။

အစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးရန်ငြင်းဆန်နေစဉ် ဆီးရီးယားအတိုက်အခံများသည် ငြိမ်းချမ်းရေးအစည်းအဝေးကို တက်ရောက်ရန် သဘော ထားကွဲလွဲနေသေးသောကြောင့် ယင်းအစည်း အဝေးပြုလုပ်ခြင်းသည် မှေးမှိန်နေသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

စပြည့်ဖြိုးဝင်း

People Power

No comments:

Post a Comment