Pages

Wednesday, October 2, 2013

အခြေခံပညာသင်ကြားမှုအရည်အသွေးတိုးမြှင့်ရေး ဆွေးနွေးပွဲကျင်းပမည်

ခင်မောင်မြင့်

ရန်ကုန် -  အောက်တိုဘာ ၂၊ ၂၀၁၃ (မော်ကွန်း)

ဗြိတိသျှကောင်စီနှင့် လူမှုအဖွဲ့အစည်းများစီစဉ်သည့် အခြေခံပညာသင်ကြားမှု အရည်အသွေးတိုးမြှင့်ရေး ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကင်းပညာရေးကောလိပ်တွင် နိုဝင်ဘာ(၉)ရက်မှ (၁၀)ရက်နေ့ထိပြုလုပ်သွား မည်ဖြစ်သည်။

 ဆွေးနွေးပွဲအဖွင့်မိန်းခွန်းကို ညွန်ကြားရေးမှူးချုပ် ဆရာကြီးဦးတင်ညိုမှ ပြောကြားမည်ဖြစ်ပြီး ပညာကောလိပ် ၂၁ခုမှ ဆရာ၊ ဆရာမတွေကိုပါဖိတ်ကြားထားသည် ဟု ဗြိတိကောင်စီ၊   English for Education System မှ ဒေါက်တာခိုင်ဖြူထွဋ်မှပြောသည်။

 “စာသင်ကြားတဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးရင်အဆင်ပြေမယ်ဆိုတာပါပဲ။ အင်္ဂလိပ်စာတစ်ခုတည်း မဟုတ် ပါဘူး။ ဘာသာစုံကို အဖွဲ့အစည်းအသီးသီးမှာ သူတို့သုံးကြည့်တဲ့ အခါ အဆင်ပြေတဲ့နည်း လမ်းတွေ ရှိတယ်။ အဲ့ဒီနည်းလမ်းတွေကိုချပြသွားမှာပါ”ဟု ၄င်းကပြောသည်။

 တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်ကျောင်းများ၊ ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ဘုန်းတော်ကြီးသင်ပညရေးကျောင်းများမှ ဆရာများ၊ လူမှုအဖွဲ့အစည်းမှ ဆရမများ ပါဝင်မည်ဖြစ်ပြီး လူဦးရေ ၂၅၀ ဖိတ်ကြားမည်ဟုဆိုသည်။

 လှိုင်သာယာရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာလုပ်နေသောကို ကိုဇော်မင်းဦးက “အဲ့ဒီလိုလုပ်တဲ့အတွက် ကျွန်တော်တို့ကြားမှာ အတွေ့အကြုံတွေဖလှယ်လို့ရမယ်။ အတွေအကြုံတွေကို ပြန်ပြီးတော့အသုံးချနိုင်မယ်။ အဲ့ဒီတော့ပိုပြီးတော့ အကျိုးရှိလာနိုင်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ၎င်း၏အမြင်ကိုပြောသည်။

 အဆိုပါဆွေးနွေးပွဲကို ဗြိတိသျှကောင်စီ၊ ပညာတန်ဆောင်၊ ပျိုးပင်အစီအစဉ်နှင့် ဘုန်းတော်ကြီးသင်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့မှ ပူပေါင်းပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် မနက် (၈)နာရီမှ (၄း၃၀)ထိ သတ်မှတ်ထားပြီး၊ ဒုထိယနေ့ကို မနက်(၉)နာရီမှ (၄း၃၀)ထိသတ်မှတ်ထားသည်။      ။

No comments:

Post a Comment