Pages

Wednesday, October 30, 2013

ဖွဲ့စည်းပုံမပြင်ရင် စစ်တပ်က အခွင့်ထူးခံတစ်နေရာယူထားဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

30.10.2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်လျက်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာသို့ သတင်းစကားပါးလိုက်ပြီးထိုသို့မဟုတ်ပါက ဖွဲ့စည်းပုံပါအခွင့်အာဏာများသည် စစ်တပ်ကိုအခွင့်ထူးခံ တစ်နေရာပေးထားသကဲ့သို့ ဖြစ်စေလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံဟာစစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက် ကမ္ဘာကိုကျွန်မပေးချင်တဲ့ သတင်း စကားကတော့ အလွန်ကို ရိုးရှင်းပါတယ်။ ကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံကို ပြင်ရမယ်ဆိုတာပါပဲ။ အားလုံး အနေနဲ့လည်း သတိပြုမိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးဆို ရင်စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးမှာ အခွင့်ထူးခံတဲ့နေရာတစ်နေရာက ဆက်လက်ရရှိနေဦးမှာပါ။” ဟု အီတလီနိုင်ငံ ရောမမြို့တွင် တနင်္လာနေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အီတလီနိုင်ငံခြားရေးဝန်ကြီး Emma Bonino နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် အီတလီနိုင်ငံ၏ မြန်မာ့ဒီမိုကရေစီအရေးအပေါ်ကူညီအားပေးမှုကိုလည်း ဒေါ်အောင် ဆန်းစုကြည်က ချီးကျူးပြောဆိုသွားပြီး “ကျွန်မတို့ကို ဆက်လက်အကူအညီပေးနေဦးမယ်လို့လည်း မျှော် လင့်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အလားတူပင် Emma Bonino ကလည်း မြန်မာ့ဒီမိုကရေစီအရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက် လက်ကူညီသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကတိပြုသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် သ၀ဏ်လွှာကို မြန်မာအာဏာပိုင်များသို့ ပေးပို့သင့် သည်ဟုဆိုလိုက်ပြီး အီတလီနိုင်ငံခြားရေးဝန်ကြီး ကလည်း “အီတလီအနေနဲ့ ဒါမျိုး ပြုလုပ်ခဲ့ပြီးပါပြီ။ အလားတူလုပ်ရပ်မျိုးတွေ ဆက်လုပ်ပါလိမ့်မယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည်၏ ဥရောပငါးနိုင်ငံခရီးစဉ်သည် အီတလီနိုင်ငံတွင် ပြီးဆုံးမည်ဖြစ်သည်။


Mizzima

No comments:

Post a Comment