Pages

Thursday, October 17, 2013

နမ့်ခမ်း၌ နှစ်ရက်အတွင်း ဗုံးသုံးလုံးပေါက်ကွဲ တစ်ဦးသေဆုံး

၁၇.၁၀.၂၀၁၃၊ ကြာသပတေးနေ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့လယ်ခေါင်၌ အောက်တိုဘာလ(၁၆)ရက်ညပိုင်းနှင့် (၁၇)ရက်နံနက်ပိုင်းတွင် ဗုံးကွဲမှု သုံးကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးကြောင်းနှင့် ဒဏ်ရာရှိ သူများအား ဆေးရုံတင်ထားကြောင်း နမ့်ခမ်းမြို့ရဲစခန်းမှသိရသည်။

နမ့်ခမ်းမြို့လယ်ခေါင် ဘုရားကျောင်းအနီး၌ စုစုပေါင်းဗုံးသုံးကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ည ဆယ်နာရီခွဲခန့်တွင် တစ်ကြိမ်၊ အောက်တိုဘာ(၁၇)ရက်နေ့ မနက် (၇း၀၀)တွင် တစ်ကြိမ်နှင့် (၇း၃၀)ခန့်တွင်တစ်ကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“စုစုပေါင်းသုံးလုံးကွဲတာပါ။ ဒဏ်ရာရတဲ့လူအရေအတွက်တော့ မသိရသေးဘူး။ သိချင်ရင်တော့ ဆေးရုံးကို ဖုန်းဆက် မေးကြည့်လိုက်ပါ။” ဟု နမ့်ခမ်းမြို့ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။ နမ့်ခမ်းဆေးရုံသို့ဆက်သွယ်ရာ၌ ဆေးရုံအုပ်ကြီး အစည်းအဝေးတက်နေသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

ဗုံးပေါက်ကွဲမှုများမှာ နမ့်ခမ်းမြို့လယ်၌သာ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသည့်ဗုံးမှာ မည်သည့်အမျိုးအစား ဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထိုဗုံးကွဲမှုမတိုင်မီ မြန်မာနိုင်ငံတွင်း၌ ယခုရက်ပိုင်းအတွင်း ဗုံးကွဲမှုဖြစ်စဉ် (၆)ကြိမ် ဖြစ်ပွားခဲ့ပြီး တားဆီးနိုင်ခဲ့ သည့် ဖြစ်စဉ်(၅) ကြိမ်ရှိခဲ့သည်။

မြစ်မခ

No comments:

Post a Comment