Pages

Monday, October 14, 2013

အမေရိကန်က အာဖဂန်၏ အချုပ်အခြာအာဏာကို လေးစားရန် အာဖဂန်သမ္မတပြော


Monday, October 14, 2013

အမေရိကန်က အာဖဂန်နစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန် အာဖဂန် သမ်္မတကာဇိုင်းက အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကယ်ရီကို ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၁၃ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

အမေရိကန်နှင့်အာဖဂန် ထောက်လှမ်းရေးများ သဘောတူညီချက်ရပြီးနောက် တာ လီဘန်ခေါင်းဆောင် လာတစ်မီဆပ်ဒ်ကို ဖမ်း ဆီးရမိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ယင်းသို့ ဖမ်းဆီးခြင်းက အာဖဂန် သမ်္မတကာဇိုင်းကို ဒေါသထွက်စေခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ရက်များအတွင်းမှာ အမေရိကန်အစိုးရကို အလေးအနက် တောင်းဆို ထားပါတယ်။ ယခင်က ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်ဖမ်းဆီးမှုတွေဟာ အာဖဂန်ဥပဒေကို မထီမဲ့မြင်ပြုရာရောက်တယ်ဆိုတာ ထင်ထင်ရှားရှားတွေ့ခဲ့ရပြီးပါပြီ” ဟု သမ္မတကာဇိုင်းက ပြောကြားလိုက်သည်။

တာလီဘန် ခေါင်း ဆောင် လာတစ်မီဆပ်ဒ်ကို ဖမ်းဆီးခြင်းအား ရည်ညွှန်းကာ ယခုကဲ့သို့ ပြောကြားလိုက်သည်။

အမေရိကန်တပ်ဖွဲ့ဝင်များ၏ ယခုကဲ့သို့သော ဆောင်ရွက်မှုများအား အာဖဂန်သမ္မတမှ ဆန့်ကျင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး အမေရိကန်အနေဖြင့် ထောက်လှမ်းရေး သတင်းအချက်အလက်များကို ဝေငှခြင်းအား သဘောတူရန် တောင်းဆို ထားပြီး ဖြစ်သည်။

အာဖဂန်၏အချုပ်အခြာအာဏာကို လေးစားရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကယ်ရီက လည်း ပြောကြား ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ပါကစ္စတန် ထိပ်တန်းတာလီဘန်ခေါင်းဆောင်ကို ဖမ်းဆီးရာတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေး ကိစ္စများကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြသည်။

အာဖဂန်အာဏာပိုင်များ၏ သဘောတူညီချက်မရဘဲ အာဖဂန်မြေပေါ်တွင် အမေရိကန်က ၀င်ရောက် တိုက်ခိုက်ခြင်း မပြုရန်ဟူသော သဘောတူညီချက်ကို အမေရိကန်က ချိုးဖောက်သည့်အတွက် အာဖဂန် သမ္မတကာဇိုင်းက ဒေါသ ထွက်ခဲ့ခြင်း ဖြစ်သည်။

အာဖဂန်ရှိ နိုင်ငံတကာတပ်ဖွဲ့ အများစုမှာ နောက်နှစ်ကုန်တွင် နောက်ဆုံးထား၍ အာဖဂန်မှ ထွက်ခွာကြမည်ဖြစ်ရာ အာဖဂန် တပ်ဖွဲ့များအနေဖြင့် နောက်လာမည့် လအနည်းငယ်အတွင်းတွင် တစ်နိုင်ငံလုံး၏ လုံခြုံရေးတာဝန်ကို ယူရတော့မည် ဖြစ်သည်။ ၁၉၉၂ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်၊ အာဖဂန်တပ်ဖွဲ့များကသာ အာဖဂန်နစ္စတန်နိုင်ငံ၏ လုံခြုံရေးတာဝန်ကို အပြည့်အ၀ ယူရတော့မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment