Pages

Sunday, October 20, 2013

ရုရှားရှိစာသင်ကျောင်းတွင် အစာအဆိပ်သင့် ကလေးငယ် ၁၂ဝ ကျော် ဆေးရုံတင်ခဲ့ရ

Sunday, October 20, 2013

ရုရှားနိုင်ငံ ပန်းမြို့တွင်းရှိ စာသင်ကျောင်းတစ်ကျောင်း၏ စားသောက်ဆိုင်မှ အစားအစာများစားခဲ့ကြပြီး ကလေးငယ် ၁၂ဝ ကျော်နှင့် လူကြီးနှစ်ဦးတို့ အစာအဆိပ်သင့်ကာ ဆေးရုံတင်လိုက်ရကြောင်း အစိုးရရှေ့နေ ရုံးချုပ်က အောက်တိုဘာ ၁၈ ရက်၌ ပြောကြားသည်။

ယင်းရုံးချုပ်မီဒီယာထုတ်ပြန်ရေးဌာနက ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ အစာအဆိပ်သင့်၍ ဆေးဝါး ကုသပေးရသူ ကလေးငယ် ၁၂၃ ဦးရှိပြီး ဆရာနှစ်ဦးရှိခဲ့ကြောင်း ပြောကြားသည်။ ကလေးငယ် ၂၆ ဦးကို ဆက်လက်ကုသပေးရမည်ဖြစ်ကြောင်း၊ ကလေးနှစ်ဦးအခြေအနေမှာ စိုးရိမ်ဖွယ်ကောင်းကြောင်း ကလေးဆေးရုံမှ ဆရာဝန်တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

(ဆင်ဟွာ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment