Pages

Wednesday, October 23, 2013

ချန်ပီယံလိဂ် အိမ်ကွင်းရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည့် အာဆင်နယ်

23-10-2013

အာဆင်နယ် အသင်းသည် ဘိုရပ်ရှား ဒေါ့တ်မန် အသင်းကို အိမ်ကွင်းတွင် အရေး နိမ့်ပြီးနောက် ယခုရာသီ ပထမဆုံး ချန်ပီယံလိဂ် အရှုံး ရလဒ်နှင့် ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်

အာဆင်နယ်တွင် အိုလီဗီရာဂီရော့ဒ်၊ တိုမက်စ် ရိုဆစ်စကီး၊ မီဆွတ်အိုဇေးလ်၊ ဂျက်ဝီလ် ရှိုင်းယား၊ အေရွန်ရမ်ဆေး၊ မစ်ကယ် အာတီတာ၊ ကီရန်ဂစ်ဘ်၊ ဘာကလေဆက်ဂ်ညာ၊ ပါးမာတီ ဆက်ကာနှင့် လောရင့် ကိုစီရယ်လ်နီတို့ ပွဲထွက် ပါဝင်ခဲ့သည်။ ပွဲပယ် ပြစ်ဒဏ်ကြောင့် နည်းပြ ယာဂင်ကလော့ပ် အနီးကပ် ကြီးကြပ်ခွင့် မရှိသည့် ဂျာမန် ကလပ်ဘက်တွင်မူ ရောဘတ် လီဝင်ဒေါစကီး၊ မာကိုရူးစ်၊ ဟင်းနရစ်ခ် မက်ကင်တာရန်း၊ ယာကက်ဘ် ဘလာဇီကော့စကီး၊ နျူရီဆာဟင်၊ လားစ်ဘန်ဒါ၊ မာဆယ်လ် ရှမဲလ်ဇာ၊ မတ်စ်ဟမ်မဲလ်၊ နီဗန်ဆူဘိုတစ်၊ ကီဗင် ဂရော့ဇ်ကရက်ဇ်တို့ ပွဲထွက် ကစားသွားသည်။

ပွဲချိန် (၁၆)မိနစ်တွင် ဧည့်သည် ဒေါ့တ်မန်တို့ ဂိုးစသွင်းသည်။ ဂိုးဧရိယာထိပ်တွင် ရမ်ဆေး ဆွဲပြေးသောဘောလုံး ပျက်လာသည်ကို လီဝင်ဒေါစကီးက ခင်းပေးလိုက်ရာ ဘီးကုပ် ထိပ်နားမှ တစ်ဆင့် မက်ကင်တာရန်းက အနိမ့် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်သည် ဦးဆောင်ဂိုး ပေးလိုက် ရပြီးနောက် ပြန်လည် တင်ကစားခဲ့ပြီး (၄၁)မိနစ်တွင် ချေပဂိုး ရရှိသည်။ ညာခြမ်းမှ ဆက်ဂ်ညာ ဖြတ် တင်ပေးသော ဘောလုံးကို ဒေါ့တ်မန် ဂိုးသမားနှင့် နောက်တန်းတို့ကြား နားလည်မှု လွဲပြီး အပြတ် မရှင်းနိုင်ချိန်တွင် ဂီရော့ဒ်က ကြားဖြတ်ယူကာ အပိုင် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ပွဲအတွက် (၃)မှတ်တန် ဂိုးကို (၈၂)မိနစ်တွင် ဒေါ့တ်မန်တို့ ရရှိသွားသည်။ ညာခြမ်းမှ ဂရော့ဇ် ကရက်ဇ် ဖြတ်တင်ပေးသော ဘောလုံးကို နောက်မှ ပြေးတက်လာသည့် လီဝင်ဒေါစကီးက Marking လွတ်လွတ်ကျွတ်ကျွတ် အနေအထားတွင် မြေမကျ ကန်သွင်းသွားခြင်း ဖြစ်ပြီး (၂-၁)ဖြင့် ဧည့်သည်တို့ အောင်ပွဲခံခဲ့သည်။

Soccer Myanmar

No comments:

Post a Comment