နေပြည်တော် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု လာရှိုးမှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၂ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က လာရှိုးမြို့ ဟိုပိတ် အေးရှားဝေါလ်တိုးဂိတ်တွင် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မှလားရှိုးသို့ မိတ္ထီလာမြို့ ဈေး အရှေ့ရပ် ဩဇာခြံရပ်ကွက် ရတနာသင်းကျစ်ဘုရားဝင်းနေ ထင်ကျော် ကျော် (၁၈)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်း၏ခါးပတ်အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ရှာဖွေသိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူ ထားသည်။
သတင်းနှင်. စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment