Pages

Monday, October 28, 2013

ဒေါ်အောင်ဆနါးစုကြည် ဂုဏ်ထူးဆောင် ရောမမြို့သူဆု ခံယူ

Monday, October 28, 2013

မြန်မာ့အတိုက်အခံခေါင်းဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉နှစ် အကြာကတည်းက သူမအား အပ်နှင်းထားသော ဂုဏ်ထူးဆောင် ရောမမြို့သူဆုကို တနင်္ဂနွေနေ့က ကိုယ်တိုင် လက်ခံယူခဲ့သည်။

အဆိုပါဆုကို နိုဘယ်လဲငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၄ ခုနှစ်က ပေးအပ်ခဲ့သော်လည်း နေအိမ် အကျယ်ချုပ်ကျခံနေရသဖြင့် လက်ခံယူနိုင်ခြင်း မရှိခဲ့ပါ။

ရောမမြို့ မြို့တောဝန် အစ်ဂနာဇီယို မာရီနိုက ၎င်း၏ Twitter ပေါ်တွင် "ရောမမြို့ကြီးဟာ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ အမျိုးသမီးတစ်ဦးအတွက် ဒီဂုဏ်ထူးဆောင်မြို့သူဆုကို နေက်ဆုံးမှာတော့ ပေးအပ်နိုင်ခဲ့ပြီ ဖြစ်တယ်" ဟု ရေးသားခဲ့သည်။

၎င်းဆုအပ်နှင်းပွဲတွင် မိမိကိုယ်ကို နှိမ့်ချတတ်သော ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ထူးခြားသည့် လုပ်ရပ်တစ်ခုမှ မလုပ်ဆောင် ရသေးကြောင်း၊ သူမလုပ်ဆောင်ခဲ့သမျှသည် စွန့်လွတ်အနစ်နာခံခြင်းမဟုတ်ဘဲ ဘဝ၏ရွေးချယ်မှု သာဖြစ်ကြောင်း ပြော ကြားခဲ့သည်။

တနင်္လာနေ့တွင် ဒေါ်အောက်ဆန်းစုကြည်သည် အီတလီ ဝန်ကြီးချုပ် အန်ရီကိုလက်တာနှင့် အီတလီ သမ္မတ ဂျော်ဂျီယို နာပေါ်လီတာနို တို့နှင့်တွေ့ဆုံမည်ဖြစ်သည်။

ထို့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့်လည်းတွေ့ဆုံခွင့်ရမည်ဖြစ်ပြီး ဘိုလော့ညာမြို့သို့ နောက်ထပ်ဂုဏ်ထူဆောင်မြို့သူဆုတစ်ခု လက်ခံယူရန် ဆက်လက်ထွက်ခွာမည်ဟု သိရသည်။ 

Source : CNA
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment