Pages

Thursday, October 10, 2013

ပြည်နယ်နှင့်တိုင်း အစိုးရ ခွင့်ပြုပါက တစ်နိုင်ငံလုံး အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်မည်


Thursday, October 10, 2013

ရန်ကုန်မြို့တွင်း မြို့ပြင် တစ်ပေပတ်လည် မြေဈေး စံနှုန်းသတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက် ပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရများ ခွင့်ပြုချက်ရပါက တစ်နိုင်ငံလုံးရှိ အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်း သတ်မှတ်ချက်များ ထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က The Voice သို့ ပြောကြားသည်။
“ဘယ်တော့ ထုတ်ပြန်မယ် ဆိုတာကတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအခွန်ဦးစီးမှူးတွေက ထုတ်ပြန်မှာပါ။ စံနှုန်းတွေကတော့ စက်တင်ဘာလလောက် ကတည်းက ပြီးစီးပါပြီ” ဟု ဦးကျော်ကျော် က ပြောဆိုသည်။

အဆိုပါ စံနှုန်း သတ်မှတ်ချက်များသည် အခွန်ရုံးများတွင် ရောက်ရှိနေပြီ ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို အသိပေး၍ လုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။
“စံနှုန်းတွေ သတ်မှတ်ပေးတာ ကောင်းပါတယ်။ ဒီနေရာမှာ ဒီလောက် အခွန်ဆောင်ရမယ်ဆိုတာ ပြည်သူတွေ သိသွားတာ ကောင်းပါတယ်” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။

ရန်ကုန်မြို့တွင်း မြို့ပြင် စံနှုန်း သတ်မှတ်ချက်များကို စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ကြိုတင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှစတင် သက်ရောက်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment