Pages

Saturday, October 12, 2013

ဗုဒ္ဓခေတ် အာဇာနည်အမျိုးသမီး (၁၀)ယောက်



၁။ ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဘွဲ့တံဆိပ်ရသူ
သေနိယသူဌေးသမီး သုဇာတာ

၂။ အလှူဒါနအများဆုံးအရာ၌ ဘွဲ့တံဆိပ်ရသူ
ပုဗ္ဗာရုံကျောင်းအမကြီး ၀ိသာခါ

၃။ အကြားအမြင်ဗဟုသုတအရာ၌ ဘွဲ့တံဆိပ်ရသူ
ခုဇ္ဇုတ္တရာ (သူမသည် သာမာဝတီအမှူးပြုသော မောင်းမငါးရာတို့အား ကျမ်းဂန်များ သင်ကြားပို့ချပေးရပြီး ထိုကျမ်းသည် သုတ္တန္တပိဋက၌ ဣတိဝုတ္တကဟူသော အမည်ဖြင့် သီးခြားရှိသည်။)

၎။ မေတ္တာဖြင့်နေသောအရာ၌ ဘွဲ့တံဆိပ်ရသူ
သာမာဝတီ

၅။ ဈာန်ဝင်စားရာ၌ ဘွဲ့တံဆိပ်ရသူ
နန္ဒမာတာ ဥတ္တရာ

၆။ အကောင်းအမြတ်ပေးလှူရာ၌ ဘွဲ့တံဆိပ်ရသူ
ကောလိယမင်းသမီး သုပ္ပ၀ါသာ

၇။ သူနာကိုအကောင်းဆုံးပြုစုလုပ်ကျွေးရာ၌ ဘွဲ့တံဆိပ်ရသူ
သုပ္ပိယာ

၈။ မတုန်မလှုပ်ကြည်ညိုရာ၌ ဘွဲ့တံဆိပ်ရသူ
ကာတိယာနီ

၉။ ဘုရားရှင်နှင့် အကျွမ်းဝင်ခြင်းအရာ၌ ဘွဲ့တံဆိပ်ရသူ
နကုလမာတာ (နကုလပိတာနှင့်တူ)

၁၀။ တစ်ဆင့်ကြားကာမျှဖြင့် ဘုရားကို ကြည်ညိုသောအရာ၌ ဘွဲ့တံဆိပ်ရသူ
ကာလီ

ကျမ်းကိုး
(အင်္ဂုတ္တရပါဠိတော်၊ ပထမအုပ်၊ စာမျက်နှာ ၂၃)

အရှင်သုနန္ဒာလင်္ကာရ-ပန်းကမ္ဘာ

Posted by စိတ်ကူးပျော်ရာ

No comments:

Post a Comment