Pages

Friday, October 18, 2013

ဗုံးပေါက်ကွဲမှုများနှင့် ကေအင်န်ယူ လုံးဝဆက်စပ်မှုမရှိဟု အစိုးရ၏ ငြိမ်းချမ်းရေး အကျိုးဆောင်ပြော


Friday, October 18, 2013

ရန်ကုန်တွင် လက်ရှိဖြစ်ပေါ်နေ သော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကေအင်န်ယူအဖွဲ့နှင့် လုံးဝ ပတ်သက်ခြင်းမရှိဟုအခိုင် အမာပြောနိုင်ကြောင်း ကေအင်န် ယူအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်း များတွင် အဓိက နေရာမှ ပါဝင်နေ သူတစ်ဦးဖြစ်သည့် မြန်မာငြိမ်း ချမ်းရေးစင်တာမှ ဦးလှမောင်ရွှေ က ရန်ကုန်တိုင်းမ်သို့ ပြောသည်။

''မြန်မာအစိုးရနဲ့ ငြိမ်းချမ်း ရေးဆောင်ရွက်နေတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း တွေထဲ မှာ ကေအင်န်ယူနဲ့ဆောင် ရွက်နေမှုက အခိုင်မာဆုံးနဲ့ အား အကောင်းဆုံးဖြစ်တယ်။ လတ်တလောဖြစ်နေ တဲ့ ပေါက်ကွဲမှုကိစ္စ တွေဟာ သူတို့နဲ့ မပတ် သက်ဘူး လို့ ကျွန်တော်ရဲရဲပြောရဲပါ တယ်။ အခု ဆိုရင် ကေအင်န်ယူဗဟိုက စီအီးစီတစ်ဦး ရန်ကုန်ကိုရောက် နေတယ်။ မြန်မာအာဏာပိုင်တွေ နဲ့အတူ လတ်တလောဖြစ်ပွားခဲ့ တဲ့ ပေါက်ကွဲမှုကိစ္စတွေအတွက် လက်တွဲ ပူးပေါင်း အဖြေရှာ ပေးဖို့ ဖြစ်ပါ တယ်''ဟု ဦးလှမောင်ရွှေက ပြောသည်။

ရန်ကုန်တွင်ပေါက်ကွဲမှု များဖြစ်ပေါ်ခဲ့အပြီး တရားခံဟု ယူဆရသဖြင့် ဖမ်းဆီးထားသူ စော မြင့်လွင် (ကရင်ပြည်နယ်၊ ဖာပွန် မြို့နယ် သူမွဲထကျေးရွာတွင်နေ ထိုင်သူ)အား ဘီးလင်းမြို့နယ်တွင် ဖမ်းမိခဲ့ပြီး အဆိုပါသံသယရှိသူ သည် ကေအင်န်ယူ နှင့် ပတ်သက် မှုရှိကြောင်း သတင်းများထွက်ပေါ် အပြီး ဖာပွန်ခရိုင်မှ ကေအင်န်ယူ တပ်မဟာ(၅)မှလည်း ထုတ်ပြန် ကြေညာချက်တစ်စောင်ကို အောက် တိုဘာ၁ရရက် ရက်စွဲဖြင့်ထုတ်ပြန် ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အများပြည်သူအားလုံး လိုလား တောင့်တနေသော စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင် ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစ်စုံတစ်ရာနှောင့် ယှက်ပျက်ပြားစေ သည့်လုပ်ရပ် များ၊ အများ ပြည် သူ ကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံးဝဆန့်ကျင်ကန့်ကွက် ကြောင်း ဖော်ပြခဲ့သည်။

''ထွက်ပေါ်နေတဲ့သတင်း အရ ဖမ်းဆီးရမိထားတဲ့သူဟာ ကေအင်န်ယူ တပ်ဖွဲ့ဝင်တစ်ဦး ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဒီလို မျိုးသတင်းထွက်ပေါ်လာတဲ့အ တွက် အနှောင့်အယှက်ဖြစ်မိတာ တော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီသတင်း ကြောင့် နှစ်ဖက် ငြိမ်းချမ်း ရေးကို တော့ လုံးဝထိခိုက်သွားမှာမဟုတ် ပါဘူး။ ကျွန်တော်တို့အပါအဝင် ပြည်သူတွေဟာ စစ်ဒဏ်ကို နှစ် ၆ဝလောက်ခံခဲ့ရတဲ့အတွက် စစ် ဒဏ်ကိုလဲ တော်တော်မုန်းတီးနေ ကြတယ်။ အခုလိုနိုင်ငံတော်နဲ့ငြိမ်း ချမ်းရေးကို ရယူထား တဲ့အချိန် မှာ ဒီလိုမျိုးသတင်းထွက်လာတဲ့ အ တွက် စိတ်မကောင်းဖြစ်ရပါတယ်။ဘာကြောင့် ဒီလိုမျိုးလုပ်သလဲ၊ ဘာဖြစ်လို့ ဒီလိုမျိုးပြောရလဲဆို တာကိုတော့ ဖမ်းဆီးခံရတဲ့ ကာ ယကံရှင်သာ အသိဆုံးဖြစ်ပါလိမ့် မယ်''ဟု ကေအင်န်ယူ/ ကေအင်န် အယ်လ်အေ မှ ဗိုလ်ကြီးစောမိုး ဇက်က ရန်ကုန်တိုင်းမ်နေ့စဉ်သ တင်းစာသို့ ပြောသည်။

Yangon Media Group

No comments:

Post a Comment