Pages

Friday, October 18, 2013

အင်ဒိုနီးရှားအတွက် ကျည်ဆန်ရထား ဆောက်ပေးရန် ဂျပန်သဘောတူ



18/10/2013

အင်ဒိုနီးရှားနိုင်ငံ၌ ဂျပန် နိုင်ငံ၏ ကျည်ဆန်ရထားနည်း ပညာမိတ်ဆက်မှုအရ လာမည့် နှစ်တွင် လုပ်ငန်းဖြစ်မြောက်နိုင် စွမ်းလေ့လာမှုပြုလုပ်သွားမည် ဟု ဂျပန်အစိုးရမှ သဘောတူညီ ခဲ့ကြောင်း နီးစပ်သောသတင်း ရင်းမြစ်တစ်ခုအရ သိရှိရသည်။ ထိုမျှော်မှန်းထားသည့်လေ့ လာမှုသည် ဂျပန်နိုင်ငံအား ပြိုင်ဘက်တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံထက် ရှေ့တစ်လှမ်း သာ၍ သွားခဲ့သည်။ 

ဂျပန်နိုင်ငံသည် မြန် နှုန်းမြင့်ရထားလမ်းစနစ်များအပါ အဝင် နည်းပညာနှင့်ကျွမ်းကျင်မှု ကို ပြင်ပပို့ရန် တွန်းအားပေးလျက် ရှိပြီး ယခုအင်ဒိုနီးရှား၏ရထားလမ်းဖောက်လုပ်မှုသည် ရူပီယာ သန်း၅ဝဖိုးရှိကြောင်း သိရသည်။

မြို့တော်ဂျကာတာနှင့် ဘန် ဒေါင်းအထိ ကီလိုမီတာ၁၅၀ အရှည်ရှိ လမ်းခရီးအား ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်

 ရေးအေ ဂျင်စီ (JICA)မှ သုံးနှစ် လေ့လာမှုပြုလုပ်သွားမည်ဟု သိရသည်။ ထို့ပြင် ဘန်ဒေါင်း မှ အရှေ့ပိုင်း ဂျာဗားရှိ ဆူယာ ကာယာအထိ လမ်းကိုလည်း စဉ်းစားသွားမည်ဟု သိရသည်။

အင်ဒိုနီးရှားအပါအဝင် အခြားအာရှနိုင်ငံများမှလည်း မြန်နှုန်းမြင့်ရထားဆောက်လုပ်ရန် စိတ်ဝင်စားမှုရှိနေရာ အလား အလာရှိသောမီးရထားလမ်းမှာ ကီလိုမီတာ၈၀၀ဝကျော်သွားနိုင် ပြီး ဂျပန်နိုင်ငံတွင် ကျည်ဆန်ရ ထားကွန်ရက်သည် ကီလိုမီတာ ၂၄၀ဝသာရှိကြောင်း သိရသည်။စီမံကိန်းဝင်ရထားလမ်း သည် တစ်နာရီကီလိုမီတာ၃၀၀ နှုန်းဖြင့် ကီလိုမီတာ၇၃ဝခရီးကို သုံးနာရီနီးပါးဖြင့် ခရီးသည်များကို ပို့ဆောင်ပေးရန်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment