Pages

Tuesday, October 8, 2013

ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆိုင်းဘုတ် ၂၀၀ ကျော် ကျောင်းများ၌ လှူဒါန်းစိုက်ထူမည်



8.10.2013

မန္တလေးမြို့တော် မြို့တွင်းငါးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက် အစိုးရ အခြေခံပညာ စာသင်ကျောင်းများ၌ “ကျောင်း ရှိသည်” ဟု ရေးသားထားသည့် သတိပေး ဆိုင်းဘုတ် ၂၀၀ ကျော် စိုက်ထူလှူဒါန်းပေးမည် ဖြစ်ကြောင်း အဆိုပါအလှူရှင် နေဇွန်ဝမ်းစတား ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ကျောင်းသား၊ ကျောင်းသူတွေ ယာဉ်အန္တရာယ် ကင်းရှင်းစွာနဲ့ ကျောင်းတက်၊ ကျောင်းဆင်း လုပ်နိုင်အောင် အခုလို သတိပေးဆိုင်းဘုတ်တွေ တပ်ဆင်စိုက်ထူ ပေးမှာပါ။ ဆက်သွယ်လာတဲ့ ကျောင်းတိုင်းကို လိုက်လံစိုက်ထူပေးဖို့ ရှိပါတယ်" ဟု အဆိုပါကုမ္ပဏီ ဒါရိုက်တာ ဦးမောင်ထွေးက ဆိုသည်။

မန္တလေးမြို့တော်ကို ရာစုနှစ် အတော်ကြာသည်အထိ စက်ဘီးမြို့တော်ဟု တင်စားခေါ်ဝေါ် ခဲ့ကြပြီးနောက် ပြောင်းလဲလာသော ခေတ်စနစ်များအရ လက်ရှိတွင် ဆိုင်ကယ်မြို့တော် အဖြစ် ပြောင်းလဲလာခဲ့ပြီး ဆိုင်ကယ်အသုံးပြုသူ များပြားလာကာ ယာဉ်မတော်တဆမှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်လျက်ရှိသဖြင့် ကျောင်းဆင်း၊ ကျောင်းတက်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုသတိထား သွားလာနေရကြောင်း မန္တလေးမြို့ခံ ကျောင်းသားမိဘ များက ပြောကြားသည်။

လတ်တလောတွင် ကျောင်းသား၊ ကျောင်းသူများ လမ်းဖြတ်ကူးစဉ်ယာဉ် တိုက်မှုများ နေရာ အနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိသဖြင့် ယင်းကဲ့သို့ သတိပေးဆိုင်းဘုတ် လှူဒါန်းပေးခြင်းကို ကြိုဆိုကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ မှူးရုံးရဲအုပ်ရဲလွင်က ပြောကြားသည်။

ကုမ္ပဏီအနေနှင့် လက်ရှိနှစ်အတွင်း မန္တလေးမြို့တော်ရှိ စာသင်ကျောင်းများ ပတ်ဝန်းကျင်တွင် အဆိုပါသတိပေး ဆိုင်းဘုတ် ၁၆ ခု စိုက်ထူပေးပြီးဖြစ်ကာ နှစ်ပေပတ်လည် အရွယ်အစားရှိ သတိပေး ဆိုင်းဘုတ် တပ်ဆင်လိုသော အခြေခံပညာ သင်ကျောင်းများအနေနှင့် နေဇွန်ဝမ်းစတား ကုမ္ပဏီ ၀၂-၆၆၂၁၆၊ ၀၉-၂၀၁၅၇၉၇ တို့ ထံသို့ ဆက်သွယ်နိုင်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

(သန်းဖေသား)
The Voice Weekly

No comments:

Post a Comment