Pages

Wednesday, October 30, 2013

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးစားမှုကို ပုပ်ရဟန်းမင်းကြီးနှင့် အီတလီ ၀န်ကြီးချုပ်တို့ထောက်ခံ

30.10.2013

မြန်မာ့အတိုက်အခံ ခေါင်းဆောင်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးစားမှုကို ပုပ်ရဟန်းမင်းကြီး Francis နှင့် အီတလီဝန်ကြီးချုပ် Enrico Letta တို့က ထောက်ခံအားပေးကြောင်း အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်ဟု အီတလီ သတင်းဌာန ANSA ၏ ဖော်ပြချက်အရ သိရသည်။

ပုပ်ရဟန်း မင်းကြီးနှင့် တစ်နာရီကြာ တွေ့ဆုံသည့် အခိုက်အတန့်တွင် ပုပ်ရဟန်း မင်းကြီးက ကမ္ဘာကြီး တွင် မေတ္တာတရားနှင့် နားလည်မှု ပိုမိုလိုအပ်နေကြောင်း ပြောကြားခဲ့သည် ဟု ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်များကို ပြောကြားသည်။

"အမုန်းတရားတွေနဲ့ ကြောက်ရွံ့မှုတွေဟာ လူတစ်ယောက်ရဲ့ ဘ၀နဲ့ တန်ဖိုးကို သေးသိမ်စေတယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ လူတွေရဲ့ ဘ၀နေထိုင်မှုတွေ တိုးတက်လာဖို့အတွက် မေတ္တာတရားကို တန်ဖိုးထားဖို့နဲ့ နားလည်မှု ရှိကြဖို့ လိုအပ်တယ်လို့ သူပြောကြားခဲ့ပါတယ်" ဟု ပုပ်ရဟန်း မင်းကြီးနှင့် တွေ့ဆုံမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အီတလီ ၀န်ကြီးချုပ် Letta ကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အီတလီနိုင်ငံ အနေဖြင့် အားပေးထောက်ခံ သွားမည်ဟု ဒေါ်အောင်ဆန်စုကြည်အား ပြောကြားသည်။ ၀န်ကြီးချုပ်သည်ထိုအချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ရောမမြို့၌ တွေ့ဆုံဆွေးနွေးစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးသူမ၏ကြိုးစားမှုကို ထောက်ခံသည်ဟု ပြောကြားသည်။ ၀န်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅ ခုနှစ်၌ မီလန်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ကုန်သွယ်ရေး ပြပွဲသို့ တက်ရောက်ရန်ကိုလည်း ဖိတ်ကြားခဲ့သည်။

အမုန်းတရားတွေနဲ့ ကြောက်ရွံ့မှုတွေဟာ လူတစ်ယောက်ရဲ့ ဘ၀နဲ့ တန်ဖိုးကို သေးသိမ်စေတယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ လူတွေရဲ့ ဘ၀နေထိုင်မှုတွေ တိုးတက်လာဖို့အတွက် မေတ္တာတရားကို တန်ဖိုးထားဖို့နဲ့ နားလည်မှု ရှိကြဖို့ လိုအပ်တယ်လို့ . . . . .

အတိုက်အခံခေါင်းဆောင်က သတင်းထောက်များအား မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေသည် သူမသမ္မတ ဖြစ်နိုင်မည့် အခြေအနေကို ကန့်သတ်ထားပြီး ဒီမိုကရေစီ နည်းလမ်းမကျသည့် အတွက် ပြုပြင်ရမည်ဟု ပြောကြားသည်။

"ဒီမိုကရေစီ နည်းကျတဲ့ အခြေခံဥပဒေဆိုတာ တစ်ဦး တစ်ယောက်ကိုသာ စိတ်ထဲမှာထားပြီး ကန့်သတ်ထားလို့ မရနိုင်ပါဘူး။ ဒီအခြေခံ ဥပဒေကတော့ ကျွန်မအတွက် စဉ်းစား ကန့်သတ်ပြီး ရေးဆွဲ ထားတာ ထင်ရှားပါတယ်" ဟု ဒေါ်အောင်ဆန်း စုကြည်က အီတလီနိုင်ငံခြားရေး ၀န်ကြီးနှင့် ပူးပေါင်းပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူအီတလီ ဘောလုံးသမားဟောင်း ရောဘတ်တိုဘက်ဂီယိုနှင့်လည်း တွေ့ဆုံခဲ့ပြီး ဘက်ဂီယိုက သူမအား အလွန်ထူးခြားသည့် အမျိုးသမီး တစ်ဦးအဖြစ် ချီးကျူးပြောကြားသည်။

"သူမက လူငယ်တွေကို ချစ်တယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့က အနာဂတ်ရဲ့ ဒေါက်တိုင်တွေလေ။ လူတိုင်းက သူမရဲ့ သတ္တိရှိမှုတွေ၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှုတွေနဲ့ ပတ်သက်လို့ ပြော ဆိုနေကြတယ်။ ဒါပေမဲ့ သူမရဲ့ နှလုံးသားဟာ ဘယ်လောက်ကြီးလဲ ဆိုတာကိုတော့ လူတိုင်း မသိနိုင်ပါဘူး" ဟု ရောဘတ်တို ဘက်ဂီယိုက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment