Pages

Tuesday, October 15, 2013

အမေရိကန်ကြွေးမြီအမြင့်ဆုံးသတ်မှတ်ချက်ညှိနှိုင်းမှု ပြေလည်မှုမရသေး


Tuesday, October 15, 2013

တိုင်းပြည်၏ငွေချေးနိုင်မှု ကန့်သတ်ချက်အား တိုးမြှင့်ပေး ရေးကိစ္စ ဆီနိတ်တာများ ညှိနှိုင်း မှုမရသေးသောကြောင့် ပိတ် ချထားသော အစိုးရယန္တရားများ ဖွင့်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အစိုးရယန္တရားအား အောက်တိုဘာ ၁ရက်က ပိတ် ခဲ့ခြင်းဖြစ်ပြီး အထက်လွှတ်တော် သည် ရှားရှားပါးပါးတနင်္ဂနွေနေ့ တွင် ရုံးထိုင်ခဲ့သော်လည်း ဘတ် ဂျက်အကျပ်အတည်းအား ဖြေ ရှင်းပေးနိုင်ခြင်းမရှိခဲ့ပေ။ အမေ ရိကန်၏ ကြွေးမြီကန့်သတ်ချက် အား အောက်တိုဘာ ၁ရရက် နောက်ဆုံးထားပြီး မမြှင့်တင်နိုင် ပါက ဘဏ္ဍာရေးဝန်ကြီး ဌာနဖြင့် ငွေခန်းခြောက်ပြီး ပေးထား သည့် ကတိကဝတ်များကို မဖြည့်ဆည်း နိုင်ဘဲ ကမ္ဘာ့စီးပွားရေးအပေါ် ဆိုး ရွားစွာ ရိုက်ခတ်သွားပေမည်။

အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး Jacob Lew က ''ဝါရှင် တန်ရဲ့ စိတ်ချရသောဂုဏ်သတင်း ဟာ အန္တရာယ်ကျရောက်နေပြီ''ဟု နိုင်ငံတကာငွေကြေးအဖွဲ့၏ ပဲ့ကိုင်ကော်မတီသို့ ထုတ်ဖော် ပြောခဲ့ရသည်။ နှစ်ပါတီမကြည် ဖြူစေကာမူ မည်သည့်နည်းဖြင့် ဖြစ်စေ နားလည်မှုရရှိရမည်ဖြစ် ကြောင်း နှစ်ပါတီစလုံးမှ သဘော ပေါက်ထားသည်။ သမ္မတအနေ ဖြင့် ရပ်တည်ချက်မှ ဖယ်ပေးရ မည်မဟုတ်ကြောင်း အောက်လွှတ်တော်ထိပ်ပိုင်းဒီမိုကရက်နန်စီပီလိုစီမှ ထုတ်ဖော်ပြောခဲ့ သည်။

Yangon Media Group

No comments:

Post a Comment