Pages

Wednesday, October 16, 2013

ဘားကုဒ်ရရှိထားမှသာ ဆီးဂိမ်းဘောလုံးပွဲလက်မှတ် ဝယ်ယူရရှိနိုင်မည်

16/10/2013

ဆီး ဂိမ်းပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ များ လာရောက်ကြည့်ရှုမည့် ပ ရိသတ် ဘားကုဒ်စနစ်ဖြင့် ကွင်း အတွင်းဝင်ရောက်ရန် စီစဉ်ထား ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကပြောသည်။ဘောလုံးပြိုင်ပွဲအုပ်စု ပွဲစဉ် များကို ဒီဇင်ဘာ ၁ ရက်မှစတင် မည်ဖြစ်ပြီး ရန်ကုန်မြို့သုဝဏ္ဏ ကွင်းတွင် အုပ်စု (က)သို့မဟုတ် (ခ)ယှဉ်ပြိုင်ရမည်ဖြစ်ကာ ကွင်း အခြေအနေနှင့်ပတ်သက်၍ ပြိုင်ပွဲကျင်းပရန်ဖြစ်မဖြစ် ဖီဖာ နှင့် အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်စစ် ဆေးပြီးဖြစ်သည်။

ရန်ကုန်မြို့တွင်ကစားမည့် ဘောလုံးအုပ်စုပွဲစဉ်များနှင့် ပတ် သက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက''ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမယ့်နေရာတိုင်းမှာ ဘား ကုဒ်စနစ်ပါတဲ့ စက်တွေထားရှိ ပေးသွားမှာပါ။ ကတ်တွေကို နှစ် မျိုးလုပ်ဖို့ စီစဉ်ထားတယ်။ အား ကစားသမားတွေနဲ့ မီဒီယာ အ တွက် ကတ်တစ်မျိုး၊ ပရိသတ် တွေအတွက် ကတ်တစ်မျိုးပါ''ဟု ၎င်းကပြောသည်။ယင်းသို့ လုပ်ဆောင်ခြင်း သည် ဘောလုံးပြိုင်ပွဲလာရောက် ကြည့်ရှုမည့် ဆိုးသွမ်းပရိသတ် များ၏ အပြုအမူကို ထိန်းသိမ်း နိုင်ရန်နှင့်ကွင်းအတွင်း လုံခြုံရေး အတွက်ဖြစ်ပြီး ပြစ်မှုကျူးလွန် သူများကို အတိအကျ အရေးယူ နိုင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ''ဘောလုံးပြိုင် ပွဲတွေရဲ့အဓိကပြဿနာက လုံခြုံ ရေးဖြစ်ပါတယ်။ အိုမန်နဲ့ ပွဲတုန်း ကလိုမျိုး ဆီးဂိမ်းမှာမဖြစ်အောင် စီစဉ်ထားပါတယ်၊ ကွင်းအတွင်း လာဖို့လက်မှတ်အဆင်မပြေတဲ့ သူတွေအတွက် ရန်ကုန်မြို့မှာ ရှိတဲ့ (LED Screen ) ကားတွေ မှာ တစ်ပြိုင်နက်တည်း ပြသနိုင် ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းထားပါတယ်''ဟု ပြောသည်။ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ် များကိုလာရောက် ကြည့်ရှုမည့် ပရိသတ်များ ဘားကုဒ်စနစ်ဖြင့် အဆင်ပြေမှုရှိစေရန်အတွက် နိုင်ငံတော်ပိုင်သတင်းစာများ တွင် လိုအပ်သည့်အချက်အလက် များကိုထုတ်ပြန်ပေးမည်ဖြစ်သည်..

Yangon Media Group

No comments:

Post a Comment