Pages

Monday, October 28, 2013

၈၈ မျိုးဆက် ငြိမ်း/ပွင့် က လူမှုရေး အဖွဲ့များသို့ အ၀တ်နှင့် လူသုံးကုန်ပစ္စည်းလှူ

28-10-2013

မန္တ လေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ် အတွင်းရှိ မျက်မမြင်ပရဟိတ ကျောင်းနှင့် မိဘမဲ့ ပရဟိတဂေ ဟာ ရှိ ကျောင်းသား၊ ကျောင်းသူ များအား မိတ္ထီလာမြို့ နယ် ၈၈မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အဝတ်အထည် နှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း ခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးသီဟ၊ ဦးအောင်ကို မြင့်၊ ဦးထိန်မင်းခိုင်၊ ဒေါ်မေသက် ဦးနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာ၂၄ရက်တွင်မိတ္ထီလာမြို့နယ် အောင်ဆန်းရပ်ကွက်ရှိမျက်မမြင်ပရဟိတကျောင်းမှ ကျောင်း သား၂၁ ဦးနှင့် ကျောင်း သူ ၂၅ဦး တို့အား စောင်၄၆ထည်၊ အကျီ င်္ ၁၃၈ထည်၊ ပန်းကန်ပြား၊ ရေချိုး ဇလုံ၊ သွားတိုက်ဆေး၊ ရေပုံး၊ အ မျိုးသမီးသုံးပစ္စည်း၊ တစ်ဦးလျှင် ငွေကျပ်၃၅၀ဝနှုန်းဖြင့် ငွေကျပ် ၁၆၀၀၀ဝကျော်ဖိုး လှူဒါန်းခဲ့သည်။

၎င်းအဖွဲ့သည် ညောင်ကိုင်း ကျေးရွာ မိဘမဲ့ပရဟိတဂေဟာ ရှိ ကျောင်းသား ၁၃၆ဦးတို့အား အကျÐ၁၅၀၊ စောင်၁၀၈ထည်၊ ပန်း ကန်ပြား ၁၅၀၊ ရေချိုးဇလုံ ၈၀၊ သွားတိုက်ဆေး ၁၅၀၊ ရေပုံး၂ဝနှင့် အမျိုးသားဝတ်အကျÐ ၅၀ စုစု ပေါင်းငွေ ကျပ်၁၅၀၀၀ဝကျော်တန် ဖိုးရှိပစ္စည်းများ လှူဒါန်းခဲ့သည်။

Yangon Media Group

No comments:

Post a Comment